Unicode (zawgyi below)
Lucas' POV
ဒီနေ့တော့ ကောင်းကင်ကတိမ်တွေမရှိသလောက်ကင်းစင်နေလို့ အပြာရောင်နဲ့မျက်လုံးအေးစေတဲ့ကောင်းကင်တစ်ခုကျွန်တော်တို့အားလုံးရဲ့အပေါ်မှာရှိနေခဲ့တယ်
Yiyang က လျှောက်လည်လို့မပြီးသေးတဲ့ဈေးတန်းတစ်ခုကိုအဆုံးထိလျှောက်ချင်နေပုံရတယ်။
နေ့လည်စာစားပြီးတော့ မိန်းကလေးသဘာဝ ဟ်ုအင်္ကျီဆိုင်ဝင်ကြည့် ဒီဆိုင်လေးလည်းဝင်ကြည့်နဲ့ အချိန်တွေတရွေ့ရွေ့ကုန်လာတယ်
ကျွန်တော်လိုချင်တဲ့ date ဆိုတာဒါမျိုးမှမဟုတ်တာ
ရုပ်ရှင်ရုံ ၊ စားသောက်ဆိုင် ၊ ဒါမှမဟုတ်ရင် ပန်းခြံတို့ ကစားကွင်းတို့
ကျွန်တော့်ဘက်ကအမြတ်မရှိနိုင်မယ့်ဒီလိုဈေးတန်းလျှောက်လည်ဖို့မဟုတ်ဘူး။ Yiyang ကတော့ဒါကိုနားလည်ပုံမရဘဲ ကျန်နေသေးတဲ့ ဈေးဆိုင်တန်းတွေကိုစိတ်ကြိုက်လိုက်ကြည့်ချင်သေးတဲ့ပုံစံမှာရှိတယ်။ သူကမိန်းကလေးမို့ သူ့ကိုပဲအလိုလိုက်ရမယ် ဆိုတဲ့ပုံစံနဲ့ ကျွန်တော့်ကိုဈေးတန်းထိဆွဲခေါ်လာခဲ့တယ်။
သိပ်ပြီးစိတ်မရှည်တတ်တဲ့ ကျွန်တော်ဟာသည်းခံနိုင်တဲ့ပါရမီလည်းအခြေခံမကောင်းတာကြောင့် အချ်န်ကြာလာတော့ Yiyang ကိုနည်းနည်းစိတ်တိုချင်လာတယ်။ သူလိုချင်သမျှကိုလိုက်ဝယ်ပေးနေရအောင် ကျွန်တော်ကသူ့စိတ်ကူးအိပ်မက်ထဲက သူဌေးသားလည်းမဟုတ်သလို CEO ဖြစ်ရမယ့်ကံဇာတာပါမလာတဲ့လူတစ်ယောက်။
အတိတ်ကကုသိုလ်ကိုအပြစ်လွှဲချလိုက်တော့ လက်ဝယ်ဆုပ်ကိုင်ဖမ်းလို့မရတဲ့ကျွန်တော့်ရဲ့ဝေဝေဝါးဝါးဘဝတစ်ခုသာရလာတယ်။ ဆင်းရဲတဲ့မိသားစုမှာ သားတစ်ယောက်အဖြစ်မွေးလာတာကိုကျွန်တော်စိတ်မတိုပေမယ့် မခံမရပ်နိုင်ဖြစ်မိတာက အေးချမ်းတဲ့မိသားစုမှာ သားသမီးတစ်ယောက်အဖြစ်မွေးမလာခဲ့တာပဲ။
စီးပွားရေးသိပ်မပြေလည်တဲ့ Jungwoo တို့လည်းကျွန်တော်တို့လိုဆင်းရဲတဲ့အသိုင်းအဝိုင်းထဲမှာပါပေမယ့် အေးချမ်းတဲ့မိသားစုဘဝက်ုတော့ပိုင်ဆိုင်ခဲ့ရတယ်။ ဆင်းရဲပေမယ့်စိတ်ထားမြင့်မြတ်ကြတယ်။
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...