8-The 12.Jan.2018 in my heart

350 59 1
                                    

Unicode (zawgyi below)

Jungwoo's POV

ကျွန်တော့်ကိုတွေ့တော့ စက်ဘီးနားမှာအဆင်သင့်ရပ်နေတဲ့ Lucas ကစက်ဘီးကိုထောင့်ဖြုတ်လိုက်တယ်

ကျွန်တော်သူ့ဆီကိုဖြည်းဖြည်းချင်းလျှောက်သွားပြီး စက်ဘီးပေါ်ချက်ချင်းတက်မယ်လုပ်ခဲ့ပေမယ့် မောင်းမယ့်သူဖြစ်တဲ့သူကမတက်သေးတော့ ကျွန်တော်လည်းတက်လို့မရသေး။

"Jungwoo ! ငါ့ကိုဒါလေး Koeun ကိုတစ်ဆင့်ပေးပေးပါလား"

စောနကအဝေးမှာကတည်းကလှမ်းမြင်လိုက်ရတဲ့ သူ့လက်ထဲကစာတစ်စောင်ကိုကျွန်တော့်ကိုပေးလာတယ်

ကျွန်တော်ယူဖို့လက်တွန့်နေချိန်မှာ သူက စာကိုရှေ့တိုးလိုက်ပြီးကျွန်တော့်ကိုယူလိုက်ဖို့ဟန်ပြလာတယ်

"ဘာလို့လဲ?"

ကျွန်တော်သိနေသော်လည်း ထပ်အတွန့်တက်ပြီးမေးလိုက်မိတယ်

သူ့ဆီက ရည်းစားစာတစ်စောင်ကိုတိုက်ရိုက်လက်ခံဖို့အားအင်ရှိပေမယ့် ဒီစာဟာကျွန်တော့်အတွက်မဟုတ်ဘဲသိနေလို့ ကျွန်တော်လွယ်လွယ်ကူကူနဲ့မယူနိုင်ခဲ့ဘူး

"*ကျစ်* ဘာလို့လဲမေးနေရသေးလား ငါသူ့ကိုကြိုက်လို့ပေါ့ကွာ မင်းနဲ့သူဒီနေ့တရင်းတနှီးစကားပြောတာတွေ့တော့ မင်းကတစ်ဆင့်ပေးခိုင်းလိုက်တာ"

"ငါသူနဲ့မခင်ဘူး"

"ငါမျက်စိရှေ့မှာစကားပြောနေတာတောင်မှ မခင်ဘူးငြင်းနေရသေးလား ဘာပဲဖြစ်ဖြစ် မင်းကငါ့ထက် သူ့ကိုပိုရင်းရင်းနှီးနှီးရှိတယ်လေ"

"ငါစိတ်ရှုပ်နေတယ် ငါ..."

ငါဒီစာကိုသူ့ဆီမပေးပေးနိုင်ဘူး

အင်း

ဆက်ပြောဖို့ကြိုးစားပေမယ့် ဆက်မထွက်တော့တဲ့ အရမ်းညံ့လွန်းတဲ့ကျွန်တော်

သူ့လက်ထဲကစာကိုကျွန်တော်ဆွဲယူလိုက်တယ်

ကျွန်တော်စာကိုဆွဲယူလိုက်မှပဲ သူလည်းစက်ဘီးပေါ်တက်လို့ ကျွန်တော်သူ့နောက်မှာလိုက်ထိုင်ခွင့်ရတော့တယ်

ဘာ့ကြောင့်မှန်းမသိ ဝဲတက်လာတဲ့မျက်ရည်တွေက Lucas ရဲ့အရှိန်ပြင်းပြင်းနင်းတဲ့စက်ဘီးကြောင့် လေပြင်းတွေလာရာလမ်းကြောတစ်လျှောက် ကျွန်တော့်မျက်တောင်စပ်တွေကနေလွင့်ပြီးမျောပါသွားတယ်

Fool's Paradise Where stories live. Discover now