Unicode (zawgyi below)
Jungwoo's POV
ကျွန်တော်သူ့ကိုဖွင့်ပြောလိုက်မိတာ မှားများမှားသွားသလား? ဟင့်အင်း မမှားနိုင်ဘူး
ခန္ဓာထက် နှလုံးသားကိုနင်းချေခံထားရတာကပိုခံစားရတယ် ဒီလိုခံစားချက်တွေနဲ့အတူ သူ့ဘေးရှင်သန်ခဲ့ပြီးမှ ကျွန်တော်သူ့ကိုမမေ့ချင်ဘူး ကျွန်တော်မေ့ခဲ့ရင်တောင်တစ်ယောက်ယောက်ကကျွန်တော့်ရဲ့ခံစားချက်တွေကိုမှတ်မိနေမှဖြစ်မယ်။
အဲ့တစ်ယောက်ယောက်ဟာ ကျွန်တော်ခံစားခဲ့ရတဲ့နာကျင်မှုတွေနဲ့တိုက်ရိုက်ပတ်သက်နေတဲ့ သူ ပဲဖြစ်ရမယ်
ကျွန်တော့်ဆုံးဖြတ်ချက်တွေမှန်တယ်မဟုတ်လား
"hak"
သူကျွန်တော့်ကိုစေ့စေ့ကြည့်နေရင်းက ခနဲ့တဲ့ ရယ်သံပေါ်လာတဲ့အခါမှာ သူ့ရှေ့ရောက်လို့ တလှပ်လှပ်ခုန်နေတဲ့ကျွန်တော့်ရဲ့နှလုံးသားလေးက ပင်ပေါင်ဘောလုံးလေးတစ်လုံးလို အပေါ်ကိုဆောင့်တက်သွားတယ်။
ကျွန်တော်အစကတည်းကမပြောခဲ့ပါဘူးလား
သိပ်ကိုရူးသွပ်လွန်းတဲ့ကျွန်တော့်ရဲ့ဖြစ်ရပ်မှန်တွေဟာ သူ့အတွက်ဟာသပြဇာတ်တစ်ပုဒ်လိုဖြစ်နေမှာပါလို့
အခု သူရယ်လိုက်ပြီလေ
ကျွန်တော့်ကိုသူရယ်လိုက်တယ်
သူကျွန်တော့်ရဲ့ခံစားချက်တွေကို ရယ်လိုက်ပြီ
သူရယ်လာမယ်ဆိုတာကိုအချိန်ပေါင်းများစွာအထိတွေးတောနေပြီး သတ္တိတွေမွေးပြီးပြောခဲ့တာဟာ မရေရာတော့တဲ့ကျွန်တော့်ရဲ့အနာဂတ်ကြောင့်သာဖြစ်တယ်
"မင်းက ငါ့ကိုချစ်တယ်တဲ့လား?"
ကျွန်တော်သူ့ကို မျက်ရည်စတွေနဲ့ ဆက်ကြည့်နေမိတယ်
သူကတော့ အပြုံးတွေနဲ့ကျွန်တော့်ကိုကြည့်နေတယ်
ကျွန်တော့်ရဲ့ မျက်ရည်နဲ့နာကျင်မှုတွေက သူ့အတွက်ရယ်စရာကောင်းတယ်နဲ့တူပါတယ်
"မင်းဘာသဘောနဲ့ဒီစကားကိုပြောတာလဲ?"
ဘာသဘောနဲ့လဲ???
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...