29 - The agony along with my heart

181 31 0
                                    

Unicode (zawgyi below)

Jungwoo's POV

5 Dec 2018

လက်ထဲကမြေပုံတစ်ခုကိုကျွန်တော်ကျစ်ကျစ်ပါအောင်ကိုင်ထားရင်း ညစျေးရဲ့လမ်းထိပ်ကိုရောက်လို့လာတယ် လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းကဆွဲထားတဲ့မြေပုံကိုကျွန်တော်ဒီနေ့မှာပထမဆုံးအသုံးချနိုင်ခဲ့တယ်
ကျွန်တော်သူ့ကိုစောင့်ဖို့လိုတယ် သူ့ကိုလေ.....
မြင်နေရတဲ့ အကင်ဆိုင်ကိုကျွန်တော်ပထမဆုံးသူနဲ့ဝင်စားဖို့တွေးရင်းနဲ့စောင့်နေမိတယ်

ကျွန်တော်ကသူ့ကိုစောင့်နေတာ
ကျွန်တော့်အချစ်တွေကသူ့ကိုစောင့်နေတာ
ကျွန်တော့်ရဲ့စောင့်ဆိုင်းနေခြင်းအားလုံးဟာ ဒီရေနဲ့အချိန်တွေနဲ့လားလားမှမဆိုင်ခဲ့ဘူး

ဒီရေနဲ့အချိန်တွေက ဘယ်သူ့ကိုမှမစောင့်ဘူး ကျွန်တော့်ရဲ့အချစ်တွေကလည်း သူ့ရဲ့အချစ် သို့မဟုတ် သူ့ဆီကကောင်းတဲ့ရလဒ်တစ်ခုခုကိုရဖို့ ဘယ်တော့ကမှမစောင့်ခဲ့ဘဲ အဆက်မပြတ်နိုင်တဲ့အရှိန်တွေနဲ့သူ့ကိုချစ်နေခဲ့တာ

ကျွန်တော့်ရဲ့စောင့်ဆိုင်းခြင်းတွေက သူ့ကိုတွေ့ရဖို့ တစ်ခုတည်းအတွက်ပဲဖြစ်ခဲ့တယ်

ညစျေးကလူစည်တယ် ကျွန်တော်ကတော့တစ်ယောက်တည်းရပ်စောင့်ရင်း မသွက်လက်နိုင်ပေမဲ့ ကျွန်တော့်အရှေ့ကနေလူအတော်များများကဖြတ်သန်းသွားလာနေတယ်
စျေးသည်တွေကလည်းလက်မလည်အောင်ရောင်းနေရပြီး လူတိုင်းကလှုပ်ရှားရင်း စကားပြောရင်းနဲ့မအားမလပ်တွေဖြစ်နေတယ်

ကျွန်တော်ကတော့ စကားပြောစရာလူလည်းမရှိ ၊ လှုပ်ရှားမှုတွေမရှိပေမဲ့ မအားနိုင်ဘူး သူလာရောလာပါ့မလားဆိုတာကိုတွေးမိတာက ဒီမှာရပ်စောင့်နေရတဲ့အချိန်​တွေကြာလာတဲ့အခါမှာပဲဖြစ်တယ် ကျွန်တော်သူ့ကိုရင်ထဲ စိတ်ထဲကနေကို နှစ်နှစ်ကာကာတွေ့ချင်တယ်

အလွမ်းဓာတ်ခံပြင်းနေတာလား ကောင်းနေတာလား ကျွန်တော်မသေချာဘူး

တစ်ခါတစ်လေ လူတစ်ယောက်ကိုအင်မတန် တွေ့ချင် မြင်ချင်နေရခြင်းကလည်း အလွမ်းတွေ သတိရခြင်းတွေကြောင့်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်ရလိုမှုတွေကြောင့်လည်းဖြစ်လာတတ်တယ်
ဒီလိုကျတော့လည်း အလွမ်းနဲ့အတ္တက မလှိမ့်တပတ်ရိုက်ပြီးမာယာများနေတတ်ပြန်ရော....

Fool's Paradise Where stories live. Discover now