Unicode (Zawgyi below)
Jungwoo's POV
ကျွန်တော် Token နံပါတ်နဲ့စောင့်နေရတဲ့ လူတန်းထဲမှာ ခုံနေရာအလွတ်တစ်နေရာရလို့ထိုင်နေခဲ့တယ် ကျွန်တော့်နာမည်ခေါ်တဲ့အလှည့်ကိုမရောက်မချင်းကျွန်တော်စောင့်ဖို့လိုတယ်
စောင့်နေရတဲ့အချိန်အတွင်းမှာတော့ကျွန်တော့်လက်ထဲက စာရွက်တစ်ရွက်ကိုငေးကြည့်နေမိတယ်
စာအနည်းငယ်သာပါပြီး မျဉ်းကြောင်းလေးတွေပဲသေသေသပ်သပ်ဆွဲထားတဲ့ စာရွက်လေးတစ်ရွက်ပါပဲ တခြားတော့မဟုတ် ။ ကျွန်တော့်ကျောင်းကနေ အိမ်ကိုပြန်တဲ့ သွားတဲ့ မြေပုံသေးသေးလေးသာဖြစ်တယ် ကျွန်တော့်မှတ်ဉာဏ်ထဲကနေဆွဲထုတ်လို့မရတော့တဲ့မြေပုံကိုကျွန်တော်စာရွက်မှာချဆွဲထားရတာဖြစ်တယ်
မနေ့ကလိုသာကျွန်တော်ထပ်မေ့ခဲ့ရင် ကျွန်တော်အိမ်မပြန်နိုင်တော့မှာကိုကျွန်တော်သိနေလို့ဖြစ်တယ် Jaemin ကလည်းကျွန်တော့်နားမှာအမြဲရှိမနေနိုင်ဘူးလေ.....
ဒီဘက်မှာက ကျွန်တော့်အိမ်နဲ့ကျောင်းရဲ့မြေပုံဖြစ်ပြီး ဟိုဘက်မှာကတော့ အိမ်ကနေ Lucas နဲ့တွေ့ခဲ့တဲ့ သို့မဟုတ် ကျွန်တော်စိတ်ထွက်ပေါက်ရှာတဲ့နေရာ ခေါင်မိုးပေါ် ဆီကိုသွားတဲ့မြေပုံပဲဖြစ်တယ်.....
ထိုမြေပုံသေးသေးလေး ၂ ခုကိုကျောကပ်ဆွဲထားတဲ့စာရွက်တစ်ရွက်ကိုကျွန်တော်ခေါက်ပြီး ကျွန်တော့်လွယ်အိတ်ထဲအမြဲထည့်ထားတယ်
"Kim Jungwoo ရှိပါလား"
"Nae"
သူနာပြုမလေးကကျွန်တော့်နာမည်ကိုခေါ်တော့ ကျွန်တော်ကြည့်လက်စ မြေပုံစာရွက်လေးကိုအမြန်ခေ့က်သိမ်းလိုက်တယ် ထို့နောက် ဆရာဝန်အခန်းထဲကိုဝင်သွားလိုက်တယ်
အခန်းထဲမှာကျွန်တော့်ကိုစောင့်ကြိုနေသလိုထိုင်နေတဲ့ဆရာဝန်ကို ကျွန်တော်မြင်တော့ စိတ်ထဲမှာလေးလို့နေတယ်
ဆရာဝန်ကကျွန်တော့်ကိုပြုံးပြတယ် သူ့စားပွဲပေါ်မှာတော့ ဆိုင်းဘုတ်အသေးလေးတစ်ခုထောင်ထားတယ် ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန် ဘယ်သူ ဘယ်သူဆိုတဲ့ဆိုင်းဘုတ်ကိုကျွန်တော်မြင်တော့ ကျွန်တော့်မှတ်ဉာဏ်တွေဟာဘယ်လောက်ထိအခြေအနေဆိုးနေလို့ ဒီလိုဆိုင်းဘတ်ကိုမြင်ရတဲ့နေရာထိတောင်ရောက်လာရတာလဲလို့ပြန်တွေးမိပြန်တယ်
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...