7-A Love letter that tears my heart

367 56 0
                                    

Unicode (zawgyi below)

Jungwoo's POV

တိုက်ခေါင်မိုးပေါ်မှာ ကျွန်တော်တို့အချိန်ကြာကြာထိုင်နေခဲ့ကြတယ်

လေတွေနဲ့ခြုံလွှမ်းခံနေရလို့အေးစိမ့်နေပေမယ့် ကျွန်တော်တို့ ၂ ယောက်လုံး လေအေးတွေရဲ့ထိတွေမှုနဲ့ကင်းဝေးဖို့မကြိုးစားခဲ့ကြဘူး

သူကလည်း သူ့ရဲ့အပေါ်ရုံအင်္ကျီကိုကျွန်တော့်ကိုမပေးခဲ့သလို ကျွန်တော်လည်းသူ့ကို "မင်းအေးနေပြီလား" ဆိုပြီးတယုတယမမေးခဲ့ကြဘူး။

ကျွန်တော့်ဘေးမှာ Lucas နဲ့ သူအတင်းချော့ပြီးခွံံ့ကျွေးလို့ကုန်သွားပြီဖြစ်တဲ့ ကြက်ဥအသားလိပ်ဘူးခွံရှိနေတယ် သူ့ဘေးမှာကတော့ ခေါက်ဆွဲခွံဘူးနဲ့ဟမ်ဘာဂါအခွံတို့စီရီနေတယ် အနောက်ဘက်ကိုပို့ထားတဲ့ ကိတ်မုန့်လိပ်ကတော့ဘယ်အချိန်မှအစားခံလိုက်ရမှန်းမသိပါ။

"ငါမင်းကိုသီချင်းတစ်ပုဒ်တီးပြမယ်"

ပြောပြောဆိုဆို Lucas ကသူ့ဂစ်တာကိုလှမ်းယူလိုက်ပြီး သူ့လက်ချောင်းရှည်တွေနဲ့ တစ်ချက် ၂ ချက်လောက်မြည်အောင်တီးခတ်လိုက်တယ်။

သံစဉ်မမှန်တဲ့ ဂစ်တာတီးသံ ၂ ချက်က တိတ်ဆိတ်တဲ့ညချမ်းထဲမှာလွင့်မျောသွားတယ်

မြစ်ရေကိုဖြတ်တိုက်လာတဲ့လေတွေဖြစ်လို့ စိမ့်နေအောင်အေးကြတယ်

ဒီလေအေးတွေကိုခွင်းမယ့် ဂစ်တာသံတချို့ကို သူ့လက်တွေနဲ့ဖန်တီးလိုက်တယ်

"စပြီနော်!"

"အင်း"

~ Heart beats fast

Colors and promises

How to be brave?

How can I love when I'm afraid to fall

But watching you stand alone?

All of my doubt suddenly goes away somehow

One step closer

I have died everyday waiting for you

Darling don't be afraid I have loved you

For a thousand years

I'll love you for a thousand more

Time stands still

Beauty in all she is

I will be brave

I will not let anything take away

What's standing in front of me

Fool's Paradise Where stories live. Discover now