37- The conquered existence of my heart

192 31 0
                                    

Unicode (Zawgyi below)

Lucas POV

ကျွန်တော်လည်း သူစားလို့ကုန်သွားတဲ့ ပန်းကန်ကိုယူပြီး ဆေးလိုက်တယ်
ဆေးပြီးသားပန်းကန်ကိုရေစစ်ပြီးဘေစင်ပေါ်မှာသာထားခဲ့တယ်

ဒီတစ်ခါတော့ ကျွန်တော်သေချာစွာနဲ့ပဲ ဘောင်းဘီအိတ်ထဲက ဆွဲကြိုးဘူးလေးကိုထုတ်လိုက်တယ် ဒီတစ်ခါတော့ကျွန်တော်တကယ်ပေးတော့မယ်ဆိုတဲ့သေချာလွန်းတဲ့စိတ်လေးနဲ့ပေါ့

ဒီဆွဲကြိုးကိုကျွန်တော်သူ့ကိုမပေးနိုင်တာဘယ်လောက်ကြာခဲ့ပြီလဲမသိသလို ဘယ်နှစ်ကြိမ်ကျရှုံးခဲ့ပြီးပြီလဲတောင်မသိတော့ဘူး

ပထမဆုံးအကြိမ်ပေးဖို့ရှုံးခဲ့တုန်းကတော့ ညီလေး heart attack ဖြစ်လို့ကံတရားကဖယ်လိုက်လို့။ ဒုတိယအကြိမ်ပေးဖို့ရှုံးခဲ့တာကတော့ ဟိုမေ့ဒီမေ့နဲ့မရေမရာဖြစ်နေတဲ့သူ့ကိုကျွန်တော်သံသယဝင်ခဲ့လို့။

တကယ်ပေးဖို့အချိန်ကျလာတဲ့အခါမှာတော့ သူချစ်တာကျွန်တော်ဆိုတာကိုမေ့သွားတဲ့သူ့ကို ကျွန်တော်ပေးဖို့ တော်တော်အားယူလိုက်ရတယ် အနည်းဆုံးတော့သူကျွန်တော့်ကိုသိနေသေးတယ် ဒီအချိန်မှာမှမပေးနိုင်ရင် ဒီဆွဲကြိုးက ပိုင်ရှင်မဲ့ဖြစ်သွားတော့မှာ

ကျွန်တော် သူရှိနေတဲ့လူနာကုတင်ဆီကိုထပ်ပြီးချဉ်းကပ်သွားတယ်

"Jungwoo ya"

သူက ကျွန်တော့်ဘက်ကိုရင်းနှီးမှုတွေသေနေတဲ့မျက်ဝန်းတွေနဲ့လှည့်ကြည့်လာတယ် သူ့မျက်ဝန်းတွေကအရင်လိုပဲနက်နေတယ်
သူဟာ တကယ့်အနှစ်ဖြစ်တဲ့မှတ်ဉာဏ်တွေပျောက်ဆုံးနေတာကလွဲရင် ကျန်တာဘာမှမပျောက်ဆုံးပါ...

အရင်ကတည်းက အနေအေးပြီးရိုးသားတဲ့သူက ဒီရောဂါရဲ့သားကောင်ဖြစ်လာရတဲ့အခါမှာ ပိုပြီးဖြူစင်လာခဲ့တယ်

ကျွန်တော်လက်ထဲက ဆွဲကြိုးဘူးကို အဖုံးဖွင့်လိုက်တယ် သူကဒါကိုကြည့်နေတယ်
အဖုံးဖွင့်သွားတဲ့အခါ အထဲကဆွဲကြိုးလေးကသူ့မြင်ကွင်းထဲကိုဝင်သွားတယ်
အဲ့တော့ သူ့မျက်ဝန်းထဲမှာစိတ်ဝင်စားမှုတစ်ပိုင်းတစ်စကိုတွေ့လိုက်ရတယ်

Fool's Paradise Where stories live. Discover now