19- The faded hope of my heart

258 41 3
                                    

Unicode (zawgyi below)

Jungwoo's POV

"Jungwoo"

ကမန်းကတန်း ထိုးထည့်နေသော စာအုပ်တစ်ချို့က ကျွန်တော့်ကိုခေါ်တဲ့အနောက်က လေသံတစ်ခုကြောင့်မြေပြင်ပေါ်ကိုလွတ်ကျသွားတယ်

ကျွန်တော်စာအုပ်ကိုကောက်ရင်းနဲ့ပဲ အနောက်ကိုလှည့်ကြည့်လိုက်တော့ ကျွန်တော်နဲ့ကပ်လျက်ရှိနေသူ Jaemin သာဖြစ်တယ် သူကထုံးသံအတိုင်း အပြုံးချိုချိုကိုကျွန်တော့်ကိုပြသလာတယ်

ထ်ု့နောက် နွေးထွေးသောအမူအရာနဲ့ကျသွားတဲ့စာအုပ်တွေကိုသူကိုယ်တိုင်ကောက်ကာ ကျွန်တော့်လွယ်အ်တ်ထဲက်ုစနစ်တကျထည့်ပေးပြီး ဇစ်ပါဆွဲပိတ်ပေးခဲ့တယ်

"သွားရအောင်"

"ဘယ်ကိုလဲ"

"အာာ! project အတွက်လေ ငါမနေ့ကတင်မင်းကိုပြောထားတယ်လေ အတူပြန်မယ်လို့"

project ကိစ္စကိုမေ့နေတဲ့ကျွန်တော်ကတော့ ကိုယ့်ရဲ့မေ့လျော့ခြင်းဝေဒနာတွေကိုပြန်ဖုံးတဲ့အနေနဲ့

"aww အင်း ဟုတ်သားပဲ"

လို့သာပြန်ပြောနိုင်ခဲ့ပေမယ့် စိတ်ထဲမှာတော့သိပ်ဘဝင်မကျ။

ကျွန်တော့်ရဲ့မေ့လျော့ခြင်းတွေဟာ ကျောင်းစာတွေမှာသာမက အခြားသောအသေးအဖွဲကိစ္စလေးတွေမှာအထိလိုက်နှောင့်ယှက်လာခဲ့ြပိလား

ရောဂါကပိုဆိုးလာတဲ့သဘောလား

မနေ့ကတင်မှာလိုက်တဲ့ကိစ္စလေးတစ်ခုကိုကျွန်တော်လုံးဝသတိမရတာမျိုး....

ဟင့်အင်း မဖြစ်နိုင်ပါဘူး

ဒီလိုရောဂါမျိုးက အချိန်အတော်ယူရပါတယ် ကျွန်တော်အပါအဝင် လူအားလုံးအရာအားလုံးကိုမေ့ပစ်ဖို့ပေါ့ ....

"ငါအချက်အလက်တွေရှာထားတယ် အဲ့ဒါကိုညက Jeno ဆီပို့ထားတယ် အခုသူကစာရိုက်ပြီးပြီ ငါတို့ print ထုတ်ပြီး မိတ္ထူဆွဲဖို့ပဲလိုတယ်"

"ဘယ်မှာသွားမိတ္ထူဆွဲမှာလဲ"

"ညဈေးပေါ့ အဲ့မှာဆိုင်တွေမှတစ်ပုံကြီးကို"

ညဈေးဆိုတဲ့နေရာကလည်း ကျွန်တော်တို့နေတဲ့မြို့လေးအတွက်အတော်ကိုတွင်ကျယ်တဲ့နေရာတစ်ခုဖြစ်တယ်

Fool's Paradise Where stories live. Discover now