11-The bracelet around my heart

308 51 12
                                    

Unicode (zawgyi below)

Jungwoo's POV

"annyeonghaseyo!! ကျွန်တော်က Na Jaemin ပါ ကျွန်တော့်မိဘတွေက ဒီကိုအလုပ်တာဝန်အရပြောင်းရွှေ့လာလို့ ကျွန်တော်လည်းဒီကျောင်းကိုပြောင်းလာရတာပါ ကျွန်တော့်ကိုကူညီပေးဖို့တောင်းဆိုပါတယ် ကျေးဇူးတင်ပါတယ်"

ခပ်ချောချောကောင်လေးတစ်ယောက်ကျွန်တော်တို့ကျောင်းကိုစာမေးပွဲဖြေခါနီးမှပြောင်းလာခဲ့တယ်။ သူ့နာမည်က Na Jaemin ဆိုလား ဘာလား? တူးဝေးဖြစ်နေတဲ့ Lucas ကြောင့်ကျွန်တော်နောက်ကျောတော့တင်းမိပါရဲ့ ဒါပေမယ့် အခု Lucas က Koeun နဲ့တွဲနေတာကြောင့် Jaemin ဘက်တော့မလှည့်နိုင်သေးတာကိုကျွန်တော်သိတယ်

အခုမှပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ကိုကူညီရမယ့်အစား ကျွန်တော်ဘာ့ကြောင့်မျက်စောင်းထိုးနေမိတာလဲ?

Lucas ဆိုတဲ့သူကြောင်ပါ့ပဲ

အရာအားလုံးသူ့ကြောင့်ဖြစ်နေတာပါပဲ

ကျွန်တော်ခံစားချက်တွေအားလုံးကိုသူပဲပြုလုပ်နေတာပါ

ကျွန်တော်တို့အတန်းထဲကယောက်ျားလေးတွေအားလုံးထဲမှာ ခပ်ချောချောဆိုလို့ အခုပြောင်းလာတဲ့ Jaemin ပဲရှိတော့တာပါ

ကျွန်တော်စိတ်မပူလို့မရဘူး

ဒါပေမယ့် ကျွန်တော် Jaemin ကိုမမုန်းသေးဘူး

မမုန်းပေမယ့် ကျွန်တော်သူနဲ့ခပ်ကင်းကင်းနေချင်တယ် သူငယ်ချင်းမလုပ်ချင်ဘူး

Koeun ကိစ္စကတည်းက အောင်သွယ်လုပ်ဖို့ခိုင်းခံရတာကိုကျွန်တော်နာနာကျည်းကျည်းနဲ့အမှတ်ရှိနေခဲ့လို့ဖြစ်တယ်

ကျွန်တော်အောင်သွယ်မလုပ်ပေးလည်း သူ့ဘာသာဖြစ်သွားတာပဲဆိုပေမယ့် ကျွန်တော်သူ့ကိုချစ်နေရတဲ့လူတစ်ယောက်အနေနဲ့ပဲနေချင်တယ်

သူကြိုက်တဲ့သူကိုအောင်သွယ်လုပ်ပေးနေရတဲ့လူအနေနဲ့မနေချင်ဘူး

နာကျင်မှုတွေအဲ့ထပ်ပိုမများချင်ဘူး

ဒါကကျွန်တော့်ဆုတောင်းပါ

နာကျင်မှုတွေထပ်မများချင်ဘူးဆိုတာ ကျွန်တော့်ဆုတောင်းသပ်သပ်ပါ

Fool's Paradise Where stories live. Discover now