20- Staying Away from My Heart

244 40 3
                                    

Unicode (zawgyi below)

Jungwoo's POV

"ရော့ မင်းလွယ်အိတ်"

ည ၈ နာရီဆိုပေမယ့်လည်းမှောင်နေတာမို့ လူနေအိမ်လမ်းကြားလေးဟာ လမ်းမီးရောင် အချို့ဆီကဖြာထွက်လာတဲ့ မီးရောင်ကလွဲရင် မှောင်ပိန်းနေခဲ့တယ်

ဒါဟာ Jaemin အိမ်တဲ့လား

ကိုယ့်ရဲ့အရှေ့မှာထိုင်တဲ့သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကိုတော့မှတ်ထားသင့်တယ်မလား

သို့သော် ကျွန်တော်မေ့မေ့ပျောက်ပျောက်နေခဲ့တယ်

Lucas ကိုသူ့လွယ်အိတ်လွယ်ခိုင်းတာရော

Lucas ကလွယ်အိတ်ပြန်ပေးလိုက်တာတွေရောကို ကျွန်တော်တကယ်ဘဝင်မကျပါ

Ramen ဆိုင်မှာကတည်းက Lucas အကြည့်တွေက ကျွန်တော့်ဘေးက Jaemin ဆီကိုရောက်ရောက်နေတာကိုလည်းကျွန်တော်ဘဝင်မကျ။

ကျွန်တော့်ရဲ့ခံစားချက်တွေကိုပြက်ရယ်ပြုထားတဲ့ လူတစ်ယောက်ဆီကကျွန်တော်ဘာတွေများထပ်မျှော်လင့်နေမိပါလိမ့်

အချစ်တွေလား

အမုန်းတွေလား

ကျွန်တော်မခံစားနိုင်တဲ့သူ့ရဲ့ပြက်ရယ်ပြုမှုတွေကိုလား

အရာအားလုံးဟာကွယ်ပျောက်သွားတော့မလိုလိုနဲ့ပိုပိုထင်ရှားလာခဲ့တယ်

သူကကျွန်တော့်ကိုစိတ်ထဲမှာမရှိ ၊ ကျွန်တော်ဟာလည်းသူ့ကိုမေ့ပစ် ဒီလိုနဲ့ဝေးပြီးကွယ်ပျောက်သွားရတော့မယ့်အစား

သူ့ကိုချစ်တဲ့အချစ်တွေဟာပိုပြီးသိသာလာသလို သူ့ကြောင့်ရတဲ့ဒဏ်ရာတွေဟာလည်းပိုပြီးနက်နဲ့လာခဲ့တယ်

ဆက်ပြောရရင်....

ကျွန်တော်ဟာ ... ဘဝမှာ မဖြစ်နိုင်ဆုံးသောအရာတွေထဲကမှ .... သူ့ကိုရွေးမိပြီးလက်တွဲချင်နေမိတာပဲ

သူ့လက်ကိုလိုက်ဖမ်းဆုပ်ချင်နေမိတယ်

သူ့လက်ကိုဖမ်းမိရင်လည်း ပြန်လွတ်ထွက်သွားပြီး ကျွန်တော်ထပ်လမ်းပျောက်ရဦးမှာကိုသိလျက်နဲ့....

ခပ်မိုက်မိုက်နဲ့ပဲ သူ့ကိုလိုက်ဖမ်းချင်နေတဲ့ လူတစ်ယောက်ပါပဲ....

Fool's Paradise Where stories live. Discover now