32- The voracious appetite of my heart

186 31 0
                                    

Unicode (Zawgyi below)

Lucas' POV

🍂14 Aug 2019

ညစျေးကတော့ခါတိုင်းလိုပဲ လူတွေ စျေးသည်တွေ ဆိုင်ခန်းတွေ အဝတ်အထည်တွေ အစားအသောက်တွေ နဲ့ပြည့်နေပြီးစည်ကားလို့နေတယ်

ကျွန်တော့်ဘေးမှာတော့ ကျွန်တော်အတူတကွလျှောက်မလည်ရတာအတော်ကြာပြီဖြစ်တဲ့ Jungwoo ရှိနေတယ်

သူ့ကိုအနောက်ဘက်မှာထိုင်ခိုင်းပြီးကျွန်တော်ဒိုင်ခံနင်းလာတဲ့စက်ဘီးလေးက ညစျေးထဲဝင်ဝင်ချင်း တွေ့ရတဲ့အကင်ဆိုင်ရှေ့မှာရပ်လိုက်တယ်

ညစျေးလမ်းထိပ်ကအကင်ဆိုင်ဆိုတာဒီမြို့မှာအတော်လေးနာမည်ကြီးတယ် ကျွန်တော်တို့မြို့ကိုလာလည်တဲ့လူတော်တော်များများကဒီဆိုင်ကိုမရမက မကြုံကြုံအောင်ဝင်စားကြတယ်

ဒီကအကင်ကိုမှမစားရရင် ကျွန်တော်တို့ရဲ့မြို့ကိုရောက်ရကျိုးမနပ်ဘူးလေ
အကင်ကတော့အထူးအဆန်းမဟုတ်။ ကင်နည်းကလည်းအဆန်းအပြားကြီးရှိမနေဘူးလေ ဒီအတိုင်းကင်တာပဲ ဒါပေမဲ့ ကင်ရမယ့် အသားအစိမ်းတိုင်းကို နယ်ထား သုတ်ထား တဲ့ အနှစ်ကြောင့်နာမည်ကြီးတာဖြစ်တယ်

အရသာကဘယ်ဆိုင်မှာမှမရနိုင်တဲ့အတိုင်း ရောစပ်ထားတဲ့အနှစ်က ဒီဆိုင်ရဲ့အသက်ပဲ အဲ့အနှစ်နဲ့စိမ်ထား သုတ်ထားတဲ့အသားတွေကိုကင်ရတဲ့အခါမှာ ထွက်လာတဲ့အနံ့က အခြားအကင်ဆိုင်တွေကအကင်ရဲ့အနံ့နဲ့လုံးဝတူမနေဘူး အနံ့ကအစဆွဲဆောင်မှုရှိတယ် အရသာကတော့ပြောမနေပါနဲ့တော့

ဒီတစ်ခါတော့ ကျွန်တော်ကဒိုင်ခံပေးရတဲ့အလှည့်ပေါ့ ကျွန်တော်က Jungwoo နဲ့မတွေ့တာအတော်ကြာပြီမဟုတ်လား အဲ့တော့ ဒီနေ့လျှောက်လည်နေတဲ့အချိန်တစ်လျှောက်လုံးသု့ကိုသက်သက်သာသာလေးထားရမယ် ပြီးတော့ကောင်းကောင်းလည်းအလိုလိုက်ရမယ်

​ဆိုင်ကစားပွဲထိုးလေးလာချပေးတဲ့အသားတွေကိုကျွန်တော် မီးဖွင့်ထားပြီးလို့ပူနေတဲ့အကင်ပြားပေါ်တင်လိုက်တဲ့အခါ ရှဲခနဲ အသံထွက်လာတယ်

ကျွန်တော်ကင်တာကိုဒီအတိုင်းလေးထိုင်ကြည့်နေတဲ့ Jungwoo ကအသင့်ထိုင်စားဖို့ ကျက်တဲ့အထိစောင့်နေရုံလေးပဲ

Fool's Paradise Where stories live. Discover now