Unicode (zawgyi below)
ကဲ တင်လိုက်ပါပြီတော် အဆုံးထိ
အာမခံထားရင် တကယ်ကိုသေချာဖြစ်အောင်လုပ်ပေးတတ်တဲ့သူမို့ မှူး အာမခံပြီဆိုရင် စိတ်ချလက်ချသာစောင့်ကြပါလို့
ရှိသမျှ fic အကုန် update ဘယ်လောက်ကြာကြာဆူုံတဲ့အထိရေးပေးပါ့မယ်
typing error လေးတွေရှိနေလို့နားလည်ပေးကြပါနော်💚💚💚💚💚💚💚
Jungwoo's POV
ကျွန်တော်နဲ့သူ ခေါင်မိုးပေါ်ကိုရောက်သွားတော့ မပြောင်းလဲတာတွေရော ပြောင်းလဲသွားတာတွေရောကိုပြိုင်တူခံစားလိုက်ရတယ်
မပြောင်းလဲတာတွေကတော့ ညရဲ့အမှောင်ရယ် ၊ ခေါင်မိုးပေါ်မှာခံစားရတဲ့ခပ်အေးအေးလေစိမ်းတွေရယ် ၊ အောက်ကိုငုံ့ကြည့်လို့ မြင်ရတဲ့ အမြင့်ပဲဖြစ်တယ်
ပြောင်းလဲသွားတာတွေက သူနဲ့ကျွန်တော်ပေါ့ ခံစားရတဲ့ခံစားချက်တွေကပြောင်းလဲလို့နေတယ်
ကျွန်တော်သူ့ကိုဖွင့်ပြောပြီးကတည်းက သူနဲ့တွေ့ဖို့ကိုရင်လေးနေမိပြီး သူ့ကိုမြင်တိုင်းလည်းရင်ထဲမှာတစ်ဆို့ဆို့ကြီးဖြစ်နေတယ်ကျွန်တော့်ကိုငြင်းဖို့သူ့မှာအားအင်အလုံအလောက်ရှိကောင်းရှိလိမ့်မယ် ကျွန်တော်ကတော့ သူ့ကိုဖွင့်မပြောခင်ကတည်းက နေ့တိုင်းလိုလိုရထားတဲ့ဒဏ်ရာတွေနဲ့အားအင်ကချိနဲ့နေပြီ
သူကထုံးစံအတိုင်း ခေါင်မိုးပေါ်မှာခြေထောက်ကိုဆင်းပြီးထိုင်လိုက်တယ် ခေါင်မိုးပေါ်မှာသူအမြဲထားခဲ့တဲ့ ပုံမပျက်ဘဲရှိနေတဲ့ဂစ်တာကို သူကလှမ်းယူလိုက်ပြီး
"ငါ့ဘေးမှာလာထိုင်လေ သီချင်းဆိုပြမယ်"
ကျွန်တော်ပြုံးလျက် သူ့ဘေးမှာ ခြေထောက်ဆင်းပြီးထိုင်လိုက်တယ် ကျွန်တော့် ခြေထောက်တွေလေထဲမှာလွင့်နေသလိုလို လွတ်နေသလိုလိုဖြစ်သွာတယ် ပြီးတော့ သူ့ဘေးနားမှာ အချိန်အတော်ကြာကြာပျောက်ခဲ့ပြီးမှ အခုလိုပြန်နီးကပ်ရတော့ ကျွန်တော့်ခံစားချက်တွေလည်းလေထဲမှာလွင့်လို့သွားတယ်
သူကဂစ်တာရဲ့ကြိုးလေးတွေပေါ်ကိုလက်ချောင်းတွေစတင်လိုက်ပြီး သံစဉ်ကိုအရင်စလိုက်တယ် ကျွန်တော်ဒီသံစဉ်ကိုမှတ်မိတာပေါ့ သူဆိုညည်းနေတဲ့ကျ Eng သီချင်းပဲလေ ကျွန်တော့်ကိုအရင်ကဒီမှာသူဆိုပြဖူးတယ်
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...