34- The consternation of my heart

198 32 0
                                    

Unicode (Zawgyi below)

🍂21 Oct 2019

Lucas' POV

~ သူမင်းကိုမေ့ပြီလား~

~မင်းနာမည်ကသိပ်မှတ်မိလွယ်တယ် တစ်ခါကြားရုံနဲ့တစ်သက်စွဲသွားနိုင်မယ့်နာမည်မျိုး ဒါပေမဲ့မင်း Jungwoo ဆီမှာ ဘယ်တော့မှအဲ့မျှော်လင့်ချက်မျိုးမထားမိစေနဲ့~

~သိပ်မှတ်ရလွယ်တဲ့မင်းနာမည်ရော သူမမေ့ချင်တဲ့မင်းကိုရော သူကျိန်းသေမေ့သွားလိမ့်မယ်~

~ငါမင်းကိုချစ်တယ် ဒီစကားကိုမင်းမမေ့ပါနဲ့ မေ့လို့ကောင်းတဲ့စကားမဟုတ်ဘူး~

~ ငါ့ဘက်ကခြေလှမ်းပေါင်းသောင်းချီလှမ်းခဲ့ပြီးပြီမို့ မင်းဘက်ကတစ်လှမ်းလောက်ပဲလှမ်းလာဖို့လိုတော့တယ် ငါတို့တွေနီးစပ်ဖို့မင်းဘက်ကတစ်လှမ်းပဲလှမ်းလာဖို့လိုတော့တယ် ~

~ မင်းနာမည်???? မင်းနာမည်ကိုအခုပြော!!!! ဒီတစ်ခါပဲပြန်ပြောပြပေးပါ.... ~

~ ငါပြောတဲ့စကားတွေကိုမင်းလုံးဝမေ့လို့မဖြစ်ဘူးနော် လုံးဝ ~

ကျွန်တော့်မြင်ကွင်းထဲမှာရှိနေတာကတော့ ခွေးတစ်ကောင်နဲ့ပတ်ပြေးရင်းဆော့နေတဲ့ Jungwoo သာဖြစ်တယ် ကျွန်တော်ကတော့အုတ်ခုံလေးပေါ်မှာထိုင်ရင်း ဝယ်လာတဲ့အမဲသားစွပ်ပြုတ်ခေါက်ဆွဲကော်ဗူးလေးကိုဘေးမှာချထားတယ်

မြင်ကွင်းထဲမှာသာ လှုပ်ရှားမှုနဲ့အပျော်တွေပြည့်နေတဲ့ Jungwoo နဲ့ခွေးလေးကိုသာမြင်နေရတာ နားထဲမှာတော့ ဘယ်ပဝေသဏီကတည်းကပြောခဲ့တဲ့ သူ့ရဲ့စကားတွေနဲ့တောင်းဆိုမှုတွေက တစ်ခွန်းပြီးတစ်ခွန်းဝင်နေတယ်

ဒီလောက်ပျော်နေတဲ့ ကလေးတစ်ယောက်က အရာရာကိုမေ့ရင်းနဲ့လောကကြီးထဲကထွက်သွားရမယ်တဲ့

ရက်စက်မယ့်ရက်စက်တော့လည်း ဒီလိုကလေးမျိုးကိုမှရွေးရတယ်လို့ ကျွန်တော်လောကကြီးကိုရက်စက်တယ်ဆိုပြီးအပြစ်တင်မလို့ကြံရွယ်မိတော့ ကိုယ့်အကြောင်းကိုယ်ပြန်သတိရသွားတယ်

Jungwoo ကိုရက်စက်တာ လောကကြီးအပြင် အခြားသောလူတွေရှိနေသေးတယ်
သူ့ရဲ့မိဘနဲ့အစ်မ
ပြီးတော့ ကျွန်တော်ပေါ့

Fool's Paradise Where stories live. Discover now