Unicode (zawgyi below)
Jungwoo's POV
ကျွန်တော် တစ်ခါတစ်ရံမှာ ကိုယ့်ဘာသာပြန်ရှာနေမိတယ်
ကျွန်တော် လမ်းပျောက်နေတဲ့လူတစ်ယောက်လိုခံစားလာရတယ်
မိသားစုရဲ့အရေးပေးခြင်းမခံရတဲ့အပြင် ချစ်ရတဲ့သူဆီကမျှော်လင့်ချက်တွေဟာကျွန်တော်ထင်သလိုရမလာတဲ့အခါမှာ
ရင်ထဲမှာ ဆို့နစ်မှုတွေများလာခဲ့တယ်
ဘယ်ဘောင်မှတိုးဝင်ခွင့်မရတော့တဲ့ ကျွန်တော် တဖြည်းဖြည်းနဲ့လမ်းပျောက်လာခဲ့တယ်
လျှောက်နေကျလမ်းအတိုင်းလျှောက်ရင် ကျွန်တော်အိမ်ပြန်ရောက်မယ်လို့ထင်ထားခဲ့ပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်လျှောက်နေတဲ့လမ်းဟာ အိမ်နဲ့ဝေးရာကိုသွားနေတဲ့လမ်းဖြစ်နေတာကိုကျွန်တော်သိလာရတယ်
"အိမ်"???
ကျွန်တော့်မှာ အိမ် မရှိခဲ့ပါဘူး
အိမ် ဆိုတာ နွေးထွေးမှုတွေပြည့်နှက်နေတဲ့နေရာလို့ကျွန်တော်သတ်မှတ်ထားတာကြောင့် ကျွန်တော့်မှာအိမ်မရှိခဲ့ဘူး
သာယာမှုနဲ့နွေးထွေးမှုကိုငတ်မွတ်နေတဲ့ကျွန်တော်ဟာ အိမ် ရှိလိုရှိငှား စမ်းတဝါးဝါးနဲ့လျှောက်လှမ်းရင်း အိမ်နဲ့မနီးဘဲပိုဝေးလာခဲ့တယ်
ကျွန်တော်လမ်းပျောက်နေခဲ့တယ်
ကျွန်တော့်ကို လူတစ်ယောက်ရှာတွေ့ပြီး အိမ် ရှိရာလမ်းကိုညွှန်ပြဖို့ရာ ကံတရားဟာအဆင်သင့်မဖြစ်သေးပြန်ဘူး
ကျွန်တော် သူ့ ကိုမြင်တိုင်း ဖော်ပြလို့မရတော့တဲ့ခံစားချက်တွေရင်ထဲပြည့်လာတတ်တယ်
ဖော်ပြလို့မရတော့ကတည်းက ကျွန်တော်ဟာစတင်လမ်းပျောက်လာတယ်
အမှန်တော့ ကျွန်တော်ဟာ လမ်းပျောက်ခဲ့တာကြာခဲ့ပြီ လမ်းပြကြယ်ကိုလည်းမကြည့်ဘဲ ယုံကြည်မှုလွန်ကဲစွာနဲ့ အိမ် ရှိရာလမ်းကိုလျှောက်နေခဲ့တာဖြစ်တယ်
ကျွန်တော် လမ်းပျောက်နေတာဟာ သိပ်ကြာခဲ့ပြီ
အချိန်တွေလည်းတော်တော်ကုန်ခဲ့ပြီ
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...