39- The hesitation in my heart

218 27 0
                                    

Unicode ( Zawgyi below)

Lucas' POV

11 March 2020

"သား ဘာမှာဦးမလဲ"

အမေက စိတ်ဓာတ်ကျလွန်းနေတဲ့ကျွန်တော့်အရှေ့ကို စားပွဲထိုးလေးလာချပေးတဲ့ ဆီချက်ပန်းကန်ကိုတိုးပေးလာရင်းမေးတယ်

"မမှာတော့ပါဘူး ဒါလည်းအဆင်ပြေပါတယ်"

အမေလည်းမျက်နှာမကောင်းသလိုကျွန်တော်လည်းပဲစိတ်ဓာတ်တွေကျနေတာ လချီနေပြီဖြစ်တယ်
အမေနဲ့ဒီလိုမျက်နှာချင်းဆိုင်ပြီးစားသောက်ဆိုင်မှာမစားရတာလည်းတော်တော်ကြာပြီ အဖေကတော့ညီလေးကိုစောင့်နေရလို့မလိုက်နိုင်ဘူး

အမေက ဆေးရုံအောက်ကစားသောက်ဆိုင်မှာတစ်ခုခုစားဖို့ ခေါ်လို့ကျွန်တော်လည်းခြေကြွမိတာဖြစ်တယ်
မဟုတ်ရင် Jungwoo ရဲ့အဆုံးမဲ့အိပ်စက်ခြင်းကိုကြည့်ပြီး ငိုနေရင်း ၊ လေသံပျော့ပျော့ပဲရှိတော့တဲ့ညီလေးရဲ့ပိန်းချုံးမှုနဲ့ ကုတင်ပေါ်မှာနေနေရင်းနဲ့တောင်မောပန်းနေတာကိုကြည့်ရင်းနဲ့ပဲ ကျွန်တော်ခြေချုပ်ဆက်မိနေမှာ

"သား"

အမေ့ရဲ့ခေါ်သံက တော်တော်လေးပျော့နေတယ်
ရပ်ကွက်ထဲမှာ အပြောကြမ်း အဆဲကြမ်းလို့နာမည်ဆိုးနဲ့ကျော်ကြားတဲ့အမေက အခုတော့ဒီလိုလေသံပျော့ပဲကျန်တော့တယ်

"မင်း ဆုံးဖြတ်ရခက်မယ်ဆိုတာ အမေသိတယ် ဒါပေမဲ့...."

အမေရဲ့စကားစမှုကကျွန်တော့်အတွက်စိမ်းကားနေတယ် စိမ်းကားမှုတွေနဲ့စတဲ့စကားတွေဟာဘယ်တော့မှ မကောင်းတတ်တာကိုကျွန်တော် Jungwoo နဲ့တင် သိခဲ့ရပြီမို့ကျွန်တော်ရင်တုန်စပြုလာတယ်

"ဒါပေမဲ့ အမေပြောမှရတော့မယ်"

ကျွန်တော်တစ်လုတ်ပဲစားရသေးတဲ့ ဆီချက်ပန်းကန်ပေါ်ကိုကိုင်ထားတဲ့တူကိုချလိုက်တယ် ပြီးတော့အမေ့ရဲ့မျက်ဝန်းတွေကိုသေချာကြည့်တော့ တလဲ့လဲ့လေးဖြစ်နေတယ် မျက်ရည်စတွေလို့ပြောရအောင်လည်းအဲ့လောက်ထိမထင်ရှားဘူး

"အမေဒီစကားကို အချိန်တော်တော်ယူခဲ့ရတယ်ဆိုတာ သားယုံနော် သားရဲ့ခံစားချက်တွေကိုပေါ့သေးသေးတွက်ပြီး လက်လွတ်စပယ်ပြောတာမဟုတ်ဘူးဆိုတာကိုတော့ သားယုံပါ"

Fool's Paradise Where stories live. Discover now