13-The white lie to my heart

310 49 1
                                    

Unicode (zawgyi below)

Lucas' POV

မှောင်ရိပ်ထဲမှာရောင်နေသလိုလို နီနေသလိုလိုမသဲကွဲတဲ့ Jungwoo ရဲ့မျက်နှာကိုကျွန်တော်ကြည့်ရင်း ရင်ထဲမှာတစ်ခုခုတစ်ဆို့နေမိတယ်

ဘာဖြစ်တာလဲ ဆိုပြီးကျွန်တော်တယုတယကိုင်မေးလိူက်ချင်ပေမယ့်

"မင်းမျက်နှာကရောင်နေသလိုပဲ ဘာဖြစ်ထားတာလဲ?"

ဒီစကားသာထွက်လာခဲ့တယ်

ကျွန်တော်မေးပေမယ့် သူပြန်မဖြေခဲ့။

ကျွန်တော်ပေးလိုက်တဲ့ ဘူးလေးကိုသာဖွင့်လိုက်ပြီး "ဟင်" ဆိုတဲ့အံ့သြသံတစ်ခုသာထွက်လာခဲ့တယ်

သူတစ်ခုခုဖြစ်ထားတယ်ဆိုတာကျွန်တော်သိနေပေမယ့် အဲ့ တစ်ခုခုဆိုတာကိုကျွန်တော်မသိနိုင်ဘူး

သူ့နှာခေါင်းထိပ်ဖျားမှာထည့်ထားတဲ့ ဂွမ်းစလေးတွေ။

သူစိတ်ထဲတစ်ခုခုခံစားစေရလောက်တဲ့အဖြစ်ကိုသူကြုံတွေ့ထားတယ်နဲ့တူတယ်

လက်ဆောင်ဘူးထဲက ကျွန်တော် Koeun အတွက်ဆိုပြီးလိမ်ညာခေါ်ရင်းရွေးခိုင်းထားတဲ့ ဟန်းချိန်းလေးကိုတွေ့တော့ သူက မျက်နှာထားတင်းသွားပြီး

"ဒါမင်း Koeun ကိုပေးမယ့်ဟာမလား ဘာလို့ငါ့လာပေးတာလဲ"

"မင်းကြိုက်မယ့်ဒီဇိုင်းငါမရွေးတတ်လို့ မင်းကိုအဲ့လိုပြောပြီးဆိုင်ခေါ်ခဲ့တာပဲလေ"

ကျွန်တော့်ရဲ့အဖြေအဆုံးမှာ သူ့ပါးပြင်မှာ လက်ခနဲဖြစ်သွားတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်

မျက်ရည်တစ်စက်

သူဘာဖြစ်နေတာလဲ?

ကျွန်တော်မေးလိုက်ချင်ပေမယ့် အမြဲငြင်းနေတတ်တဲ့သူ့ကို အခုတစ်ခေါက်မှာလည်းကျွန်တော်မမေးမိလိုက်ပါ

မေးမယ့်အစားသူ့ပါးပေါ်ကမျက်ရည်ကိုသာသုတ်ပေးလိုက်တယ်

ကျွန်တော် ဖယောင်းတိုင်မီးအလင်းမရှိတော့တဲ့ မေံးနေ့ကိုသာကိုင်ထားရင် Jungwoo ကိုစိုက်ငေးကြည့်နေမိတယ်

ဒီနေ့ Koeun ကသူ့ကိုဆရာမဆူလို့ငိုခဲ့တာကိုကျွန်တော်ချော့ခဲ့ပြီးပြီ

Fool's Paradise Where stories live. Discover now