40- The stopping of my heart (Last part)

604 40 9
                                    

Unicode ( Zawgyi below)

Jaemin's' POV

🍂 26 April 2020

ဈာပနခန်းထဲကျွန်တော်မဝင်နိုင်ဘူး
သူ့ရဲ့ဈာပနကိုတောင် အခန်းဖော်တစ်ယောက်အနေနဲ့မဖြစ်မနေလိုက်ပို့ရတာမို့ ကျွန်တော်လေးလေးပင်ပင်တော့ဖြစ်မနေဘူး

အခန်းဖော်တစ်ယောက်ရဲ့ဈာပနမို့ကျန်တဲ့သူတွေမလာရင်တောင်မှ အခန်းတူတဲ့ကျောင်းသားတွေကတော့မျက်နှာပြဖို့လိုတယ်ဆိုပြီး အတန်းပိုင်ဆရာကပြောတာကြောင့်ကျွန်တော်လိုက်ခဲ့ရတာ

တစ်ကိုယ်လုံးကို အနက်ရောင်တွေနဲ့ဆင်ထားပြီး ဂန္ဓမာပန်းအဖြူတစ်ပွင့်ကို သူ့ရဲ့ဓာတ်ပုံရှေ့ချပေးပြီး ပြန်ထွက်ခဲ့တယ်
ဝတ်ကျေတန်းကျေပေါ့

ဈာပနခန်းထဲမှာတော့ သူ့ရဲ့အဖေအမေနဲ့ ညီလေးတို့ကမျက်ရည်စတွေနဲ့
ကျွန်တော်ကတော့ခေါင်းငုံ့နှုတ်ဆက်ပြီးတော့သာပြန်ထွက်လာခဲ့တယ်

အခုတော့ ဒီဘက်ဧည့်သည်စုဝေးရာနေရာမှာ ဆိုဂျူတစ်ပုလင်းကိုတစ်ဝက်ကျိုးအောင်သောက်နေမိပြီဖြစ်တယ်

လွန်ခဲ့တဲ့ ၁ လကျော်ကျော်က Jungwoo ရဲ့မိဘတွေက နှလုံးလှူဖို့ Lucas တို့ကိုခွင့်ပြုလိုက်တာကြောင့် Jungwoo ကသေနေ့မစေ့ဘဲသေရတော့တယ် Lucas ရဲ့ညီလေး အသက်ရှင်ဖို့ခွဲစိတ်ခန်းမဝင်ခင် ၂ နာရီလောက်ကြိုပြီး Jungwoo ရဲ့နှလုံးကိုခွဲစိတ်ပြီးထုတ်တာမို့ တစ်စုံတစ်ယောက်အသက်ရှင်ဖို့အတွက် ၂ နာရီလောက်ကြိုပြီးအရင်သေရတယ်

Lucas ရဲ့ညီလေးကကျန်းကျန်းမာမာနဲ့နေနိုင်တာ ၁ လကျော်လောက်ရှိနေပြီ ဒီကြားထဲ heart attack လည်းမဖြစ်တော့သလို အရင်ကလို ဒီအတိုင်းလေးပဲထားပြီးအသက်ရှူခိုင်းထားရတဲ့လူတစ်ယောက်ဘဝကနေလွတ်မြောက်သွားတယ်
Jungwoo ရဲ့နှလုံးသားနဲ့လေ....

Jungwoo ရဲ့ဈာပနတုန်းကကျွန်တော်တော်တော်လေး ယူကျုံးမရဖြစ်ပြီး ဘာမှမလုပ်နိုင်တော့တဲ့အထိခွေခဲ့ရတယ်

အကြောင်းဖန်လာလို့ထွက်သွားရတယ်လို့ဖြေသိမ့်ဖို့ကြိုးစားပြီဆိုရင်တော့ အတွေးထဲကိုခုန်ဝင်လာတာက Lucas ပဲဖြစ်တယ် သူ့ကြောင့်ပဲကျွန်တော့်ရဲ့အကောင်းမြင်ဖို့ကြိုးစားမှုတွေပျက်ရတယ် အစိတ်စိတ်အမွှာမွှာပျက်ရပြီးတဲ့နောက်မှာ သူ့ကိုပြောခဲ့တဲ့အတိုင်း ကျွန်တော်သူ့ကိုမုန်းနေမိတော့တယ်

Fool's Paradise Where stories live. Discover now