33- The rampant poison in my heart

202 32 1
                                    

Unicode (Zawgyi below)

Lucas' POV

Jungwoo တို့အိမ်ရှေ့မှာ ကျွန်တော်စက်ဘီးရပ်လိုက်တယ် ကျွန်တော့်အနောက်မှာ ကျွန်တော့်ခါးကိုတစ်ချိန်လုံးဖက်ရင်းလိုက်လာတဲ့ Jungwoo ကစက်ဘီးပေါ်ကနေဆင်းသွားတယ်

"ငါအိမ်သော့မေ့ခဲ့တယ်"

Jungwoo ကတံခါးခေါက်ရမှာကြောက်တဲ့ပုံစံနဲ့ပြောလာလို့ကျွန်တော်ကပါစက်ဘီးပေါ်ကနေဆင်းပြီး စက်ဘီးကိုဒေါက်ချခဲ့ပြီး သူ့အိမ်တံခါးဝထိသူ့ကိုလိုက်ပို့ရတယ်

ကျွန်တော်ကပဲတံခါးခေါက်လိုက်တယ် တံခါးလာဖွင့်သူက သူ့အမေ

"ကျွန်တော် Jungwoo ကိုပြန်လာပို့တာ"

"aww အေး ကျေးဇူးပဲ သား"

Jungwoo ကအေးအေးဆေးဆေးပဲအိမ်ထဲဝင်သွားတယ်

ကျွန်တော် Jungwoo မကြားအောင်လည်းသူ့အမေကိုခေါ်ချင်တယ် ဒါပေမဲ့လူကြီးကလည်းဖြစ်နေပြန်တော့လက်ယက်ခေါ်ရင်လည်းရိုင်းသလိုဖြစ်မှာစိုးရတယ် ဒါ့ကြောင့် သူ့အမေရဲ့လက်မောင်းကို တံခါးမပိတ်ခင်အသာလေးပုတ်လိုက်တယ်

အန်တီကလည်းသဘောပေါက်သွားပုံနဲ့ Jungwoo မသိအောင် တံခါးကိုစေ့ပြီး အပြင်ကိုထွက်လာတယ်

"ဘာပြောမလို့လဲ သား"

အန်တီကအလိုက်တသိနဲ့ခပ်တိုးတိုးမေးတယ်

"ပြောမလို့မဟုတ်ဘူး မေးစရာရှိလို့ အန်တီ"

မေးမယ်ဆိုတဲ့စကားလည်းကြားရော အန်တီရဲ့မျက်နှာအမူအရာကချက်ချင်းပြောင်းသွားတယ် ကျွန်တော်မေးလာမယ့်မေးခွန်းကိုကြိုသိနေတဲ့ပုံစံနဲ့ ထိုမေးခွန်းကိုရှောင်ဖြေဖို့အဖြေရှာနေတဲ့ပုံစံ ၂ မျိုးရောနေတဲ့အန်တီ့ရဲ့မျက်နှာအမူအရာကိုကျွန်တော်မကြိုက်ဘူး

​မမေးခင်ကတည်းက သူ့အမေရဲ့မျက်နှာအမူအရာကိုမြင်လိုက်ရတာနဲ့ Jungwoo တစ်ခုခုဖြစ်နေပြီဆိုတာကိုကျွန်တော်သိလိုက်တယ်

"Jungwoo ဖြစ်နေသမျှကိစ္စတွေကိုကျွန်တော့်ကိုပြောပြပါလား အန်တီ သူ့ကိုကြည့်ရတာအရင်ကပုံစံနဲ့နည်းနည်းလေးမှမတူတော့ဘူး"

Fool's Paradise Where stories live. Discover now