Unicode (zawgyi below)
Jungwoo's POV
ခေါက်ချိုးရာကိုပြန်ဖြန့်ပြီး ကျွန်တော်နောက်စာတွေကိုဆက်ဖတ်လိုက်တယ်
~ မင်းစိတ်ဆိုးမှာကိုမကြောက်လို့ဒီလိုဖွင့်ပြောတာမဟုတ်ပါဘူး မင်းမှာငါ့ကိုငြင်းခွင့်ရှိသလို ငါ့မှာလည်းမင်းရဲ့အချစ်ကိုရဖို့စွန့်စားခွင့် ကြိုးစားခွင့်ရှိတယ်လေ နောက်ပြီး မင်းကိုငေးကြည့်ခွင့်နဲ့ ရင်ခုန်ခွင့်လည်းရှိပါတယ် မင်းကိုချစ်ခွင့်လည်းရှိသလို မင်းပေးမယ့်နာကျင်မှုကိုလည်းခံစားခွင့်ရှိပါတယ် ဒီအခွင့်အရေးတွေငါ့မှာရှိနေပေမယ့် မင်းပေးမယ့်ဒဏ်ရာကိုတော့ရှောင်လွှဲခွင့်မရှိခဲ့ဘူး။ သနားပါလို့မပြောချင်ပေမယ့် မင်းအပေါ်မှာထားတဲ့ငါ့မျှော်လင့်ချက်လေးတော့ဆက်ရှင်သန်ဖို့ မင်းငါ့အပေါ်အရမ်းမရက်စက်ပါနဲ့။
Lucas~
စာကိုအဆုံးထိဖတ်ပြီးတော့ ကျွန်တော့်ပါးပြင်ထက်စီးကျလာတဲ့မျက်ရည်တွေကိုကျွန်တော်ဂရုမစိုက်ခဲ့ဘူး။ ရင်ထဲကထွက်လာတဲ့ရှိုက်သံနဲ့အတူ စာရွက်ဖြဲသံကိုပါကျွန်တော်ပြုလုပ်ခဲ့တယ်
ကြမ်းပြင်ပေါ်မှာတစ်စစီပြန့်ကျဲသွားတဲ့ စာရွက်အဖြူရောင်အပိုင်းအစတွေကို ကျွန်တော်မျက်ရည်တွေနဲ့အတူငေးကြည့်နေမိတယ်
ဒီနေ့ဟာ ကျွန်တော့်ကို Lucas ဆိုတာဘယ်သူဖြစ်တယ်ဆိုတာကိုသေချာခဲ့စေတဲ့နေ့ပါပဲ
ကျွန်တော်သူ့ကိုချစ်မိတဲ့ခရီးတစ်လျှောက်လုံး သူ့ဆီကပျော်ရွှင်မှုတွေ သာယာမှုတွေ အမှုန်အမွှားလောက်ရလိမ့်မယ်လို့ယုံကြည်ခဲ့တယ်
ဒါပေမယ့်သူဟာ ကျွန်တော့်နှလုံးသားအတွက်အဆိပ်ဖြစ်ပြီး ကျွန်တော့်အတွက်ကောင်းကျိုးမပေးတဲ့သူဖြစ်တယ်ဆိုတာကို ဒီနေ့က သေချာစေခဲ့တယ်
မိဘတွေရဲ့ဖိနှိပ်မှု တွန်းအားပေးမှုတွေကြောင့် သုညအောက်ရောက်နေပြီဖြစ်တဲ့ ကျွန်တော့်စိတ်ဓာတ်တွေ ၊ ကျွန်တော်ဘာမှမလုပ်နိုင်တော့ဘူးလို့စိတ်ဓာတ်ကျနေချိန် ၊ အမှတ်လျော့လို့ထပ်ရောက်လာဦးမယ့် မိဘတွေရဲ့ အတည်မပြုမှုတွေကိုကြောက်နေတဲ့ကျွန်တော်
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...