Part-1

53.1K 2K 12
                                    

အေးဆေးငြိမ်သက်နေခဲ့တဲ့ ပိုင်အိမ်တော်က ခဏအတွင်းမှာဆူညံပွက်လောရိုက်သွားရသည်။

“တစ်ယောက်မှ မလွတ်စေဘဲ အကုန်ဖမ်း..သစ္စာဖောက်တွေ..”

တပ်မှူး ရဲ့ ထပ်ပြီးဆော်အော်သံနဲ့ ပိုင်အိမ်တော်ရဲ့ လူကြီးမင်း မြို့စားမင်း ပိုင်ဟွေ့ကိုယ်တိုင်နဲ့ အစေခံများက အစ တပ်မှူးရှေ့ မှာ ဒူးထောက်လျက်သား။

“တပ်မှူးကျို တစ်ခုခု မှားနေတာလားဗျာ..ကျွန်တော်က ဘယ်လိုလုပ်သစ္စာဖောက်ဖြစ်ရမှာလဲ။ ”

“သက်သေတွေပြည့်စုံနေပြီ လူကြီးမင်း.. ဒီမြို့ကိုတိုင်းခန်းလှည့်တဲ့ ဦးရီးတော် (၄) ကို ခင်ဗျား အဆိပ်ခတ်သတ်တာလည်း သေချာနေပြီ။ ပြီးတော့ နယ်စပ်မွန်ဂိုတွေနဲ့ ပေါင်းပြီး ပုန်ကန်ဖို့ကြိုးစားနေတဲ့ သက်သေတွေက အစ အားလုံးစုံနေပြီ။”

“နယ်စပ်မွန်ဂို ?? ဟွန်း…ပုန်ကန်ဖို့ကြိုးစားနေတာ ဘယ်သူလဲ မင်း ပိုသိမှာ..။ ခု ဘာမှ မပြောချင်ဘူး ရုံးတင်မှာ မလား။ ငါကိုယ်တိုင် မင်းကြီးနဲ့တွေ့ပြီး ပြောမယ်။”

“ခင်ဗျား မှာ အဲ့အချိန်ရှိလာပါ့ဦးမလားပဲ…။မင်းကြီးကိုယ်တိုင်က ကွပ်မျက်ဖို့ခွင့်ပေးလိုက်တာ.။ဦးရီးတော် (၄) က မင်းကြီး ညီအရင်းဆိုတာသိရဲ့သားနဲ့။ ကဲ ရဲမက်တွေ..ပိုင်ဟွေ့က ခုခံဖို့ကြိုးစားနေလို့ ကာကွယ်လိုက်ပြီ.”

ပြောပြောဆိုဆိုနဲ့ တပ်မှူးကျိုရဲ့ ဓားသွားက ပိုင်ဟွေ့ လည်ပင်းထက်ကိုတိခနဲ။ ငရဲပွက်သလို အော်ဟစ်ဆူညံသံတွေကြားမှာ   အစေခံတစ်ချို့ကလွဲလို့ ပိုင်အိမ်တော်ရဲ့ ဆွေမျိုးတွေက ချက်ချင်းပဲကွပ်မျက်ခံလိုက်ရလေသည်။ ဒါပေမယ့် စဥ့်အိုးလေးထဲက တစ်ယောက်ကတော့----

“ဖေဖေ !!!! ဖေဖေ ..ဟင့်..”

“ချင်းယွင်….ချင်းယွင် မောင်လေး သတိထားဦးလေ..”

မျက်ရည်တွေဗလပွနဲ့ ငေါက်ခနဲထထိုင်လိုက်တော့ သူ့ဘေးနားမှာ စိုးရိမ်တကြီးကြည့်နေသော မမ…။ခါးကိုဖက်ပြီး မမ ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။

“မမ..ဖေဖေ ဖေဖေလေ .ကျွန်တော့်မျက်စိရှေ့မှာတင်…အဟင့် ဟီး ဟီး………”

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now