တစ်နေ့လုံးပြေးလွှားအလုပ်များနေကြသော မင်းသားနှစ်ပါးသည် ယခု အိမ်ရှေ့စံအဆောင်၏ ပန်းခြံထဲရှိ ကျောက်စားပွဲတွင် ထိုင်ကာ ကိုယ်ရံတော်လေး တစ်ယောက်၏ အတိတ်ကိုနားထောင်ချင်နေကြသည်က အနည်းငယ်တော့ အံ့သြဖို့ကောင်းလေစွ..။ စားပွဲပေါ်မှာ အပျိုတော်လေးတွေ လာထားပေးသွားသော အခါးရည်တစ်အိုးလည်း ၇ှိနေသည်။
“သူနဲ့ ကျွန်တော်က ချစ်သူတွေပါ.။”
“ဘာ!!!”
အံ့အားသင့်သွားသူက မင်ထိုက်.။ အော်ခန်းကတော့ အနည်းငယ်ရိပ်စားမိခဲ့သည်မို့ သိပ်တော့ မအံ့သြ.။
“ယောက်ျားလေး ချင်း တကယ်ပဲ ကြိုက်နှစ်သက်ကြတယ်လား???”
မင်ထိုက် တကယ်ကိုအံ့သြနေသည်။ အော်ခန်း တစ်ယောက်သာ ချင်းယွင်ကို သိပ်ကိုချစ်လွန်းနေသည်ထင်ခဲ့တာ။ ဒီလိုမျိုး တခြား ယောကျာ်းလေးအတွဲလည်းရှိသေးသည်လား။
“ဆက်ပြောပါ.။”
အော်ခန်းက စကားထောက်ပေးတော့ ရှောင်ဖူ မျက်ရည်တို့ဝိုင်းလျက် စကားပြန်စလေသည်။ အသက် ၁၇ နှစ်တုန်းက ရွာ၏ လိုအပ်တာတွေဝယ်ရန် စုစည်းပေးလိုက်သည့် ငွေတွေနှင့် ထန်းပေါင်နှင့် ရှောင်ဖူ မြို့ကို ထွက်လာခဲ့သည်။ လမ်းမှာ လုယက်သူတွေ နှင့် တွေ့သော်လည်း ချစ်သူပါ အနားရှိနေသည်မို့ ရှောင်ဖူ နည်းနည်းမှ ထိတ်လန့်ခြင်းမရှိခဲ့.။ အတူတူရင်ဆိုင်ကြမည်ပေါ့။ သို့သော်---သို့သော်--- ထန်းပေါင်သည် သူ့ကိုတစ်ချက်ကြည့်ကာရန်သူတွေလက်ထဲ ထားခဲ့လေသည်။ လှမ်းခေါ်သည်ကိုပင် တစ်ချက်ပြန်ကြည့်ကာ ချက်ချင်းလှည့်ထွက်သွားခဲ့တာ။ ထို့နောက်တွင်မှ သေလုမျောပါး ဖြစ်နေခဲ့သော ရှောင်ဖူ ကို အိမ်ရှေ့စံမင်းသားနှင့် မင်းသားမင်ထိုက် ကကယ်တင်ခဲ့ခြင်းပင်။ နောက်တစ်နှစ်လောက်ကြာတော့ ထန်းပေါင် ကလည်းမည်သို့ မင်းသားမင်ထိုက်၏ ကိုယ်ရံတော်ဖြစ်လာသည်မသိ.။
“လက်ကို ဘယ်တော့မှ မဖြုတ်ဘူးလို့ သူ ကတိပေးခဲ့တာ.ပြီးတော့ သူပဲ ဖျက်ဆီးခဲ့တာ.။”
မျက်ရည်တွေကျလျက် ရှောင်ဖူသည် ခပ်တိုးတိုးရှိုက်ငိုနေသေးသည်။ မင်ထိုက် သက်ပြင်းချမိကာ………
CZYTASZ
နှလုံးသားထဲက ဒဏ္ဍာရီ
HistoryczneBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...