မိုးပြာရောင် ၀တ်စုံနဲ့ ဆံပင်တွေကိုသေချာစုစည်းဖြီးသင်ထားသော လူငယ်က ဆင်းရဲသားမိသားတစ်စုကို ငွေတုံးတစ်ချို့ပေး နေတာကို ကြည့်နေရတဲ့ တခြားကောင်လေးတစ်ယောက်က မျက်နှာရှုံ့လျက် ၀မ်းသာပေးရမှာလိုလို စိတ်ရှုပ်ရမှာလိုလို..။ ထိုမိုးပြာရောင် ၀တ်လူငယ်က ဒီဘက်ပြန်လျှောက်လာတော့ သူ မတ်တပ်ရပ်လိုက်သည်။
“သခင်လေး… ဓားပြတွေဆီက ပြန်လုလာတဲ့ရုံးတော်ပိုက်ဆံတွေကိုလေ…ရုံးတော်ကိုပြန်ပေးရမှာ မဟုတ်ဘူးလား ခု လမ်းမှာ တွေ့သမျှ ဆင်းရဲသားတွေကိုပေးနေတာ ကျွန်တော့်အိတ်ထဲမှာလည်း အများကြီးမရှိတော့ဘူးနော်..”
“နေပါဦး ရှောင်ဖူရဲ့။ ငါ လုလာတုန်းက ရုံးတော်ကို ပြန်အပ်မယ်လို့ပြောခဲ့မိသလား။ ”
“ဗျာ…ပြောတော့မပြောပါဘူး ဒါပေမယ့်..”
“တော်ပြီ..ခုမှ တရားဥပေဒေကို သိပ်သိတတ်နေလိုက်တာ.သွားမယ် မြင်းပေါ်တက်..”
“ဟာ.သခင်လေး သခင်လေး ခန်း…”
သခင်လေး ခန်း ဆိုသူက မြင်းပေါ်လှစ်ခနဲတက်ပြီး စီးသွားတာမို့ရှောင်ဖူ လည်းမြင်းတစ်ကောင်ပေါ်တက်ပြီး အသော့နှင်ရတော့ သည်။ ခဏကြာစီးလာကြပြီး တောစပ်နားရောက်တော့ မင်္သကာစရာ အငွေ့အသက်ကိုရ၏။ထို့ကြောင့် အော်ခန်း သည် မြင်းကိုအရှိန်လျော့ပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေလိုက်သည်။ ချူံပုတ်တွေနားက လှုပ်လှုပ်ရွရွနဲ့ ချက်ချင်းဆိုသလို လူ ၇ နှစ်ယောက် ၈ ယောက်လောက် သူတို့မြင်းေ၇ှ့ရောက်လာကြသည်။
“ဟမ် ဓားပြတွေ သ သခင်လေး..”
“ဘယ်မှာလည်း မင်း လုသွားတဲ့ငွေတွေ ..ငါတို့နယ်မှာ လာပြီးသူရဲကောင်းလုပ်မနေနဲ့ မင်း ဘယ်ဘက်ကိုသွားရင် ဘယ်ကိုရောက်လဲဆိုတာ ငါတို့က သိပြီးသား။.ထွက်ပြေးဖို့ မစဉ်းစားနဲ့..”
ဓားပြခေါင်းဆောင်လို့ထင်ရသူရဲ့စကားကို အော်ခန်းက ဂရုမစိုက်ဟန်ဖြင့် မြင်းပေါ်မှ ဆင်းလိုက်သည်။ ရှောင်ဖူ လည်း သူ့သခင်လေးနောက်မှာ ကပ်လျက်။
“ငါက ထွက်ပြေးမယ်လို့ပြောမိလို့လား.. ပြီင်္းတော့ ငွေတုံးတွေ..တစ်အိတ်စာနှစ်အိတ်စာလောက်က ဘာမှတောင်လုပ်မရဘူး.။နောက်ခါ များများလုလေ..ခုတော့ ငါ့မှာ သူများကို ပေးလို့တောင်မလောက်ဘူး.”
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...