Part-19
လရောင်အောက်က ကျောက်စားပွဲလေးတွင် ထိုင်ရင်း ချင်းဝမ် အတွေးတွေ နယ်ချဲ့နေမိသည်။ လွီလုက ဆေးခန်းနှင့်အိမ်ကိုလည်း ဆက်ဖွင့်ချင်သည့် တပည့်မလေးတစ်ယောက်ကို အပိုင်ပေးထားခဲ့သည်မို့ စိတ်မပူ.။အတန်အသင့်စုမိထားသော ငွေများနှင့် နေပြည်တော်တွင် အိမ်ကောင်းကောင်းတစ်လုံး နှင့် နေနိုင်သော်လည်း ယခု အမတ်ကြီးတို့ ဇနီးမောင်နှံက သူမတို့ကို အကြင်နာပို လွန်းလှသည်။ ဒီမနက်မှ ရောက်တာဖြစ်ပေမယ့် အနှစ်နှစ်ကာလက ဆွေမျိုးတွေလို ကြင်နာပေးသည်။ နေ့လည်ထမင်းဝိုင်းတွင် အိမ်ရှာဖို့စကားစမိသည်ကိုတောင် ထပ်မပြောရန် စိတ်ပျော်သလောက်နေရန် အမတ်ကြီးကတော်က တောင်းဆိုခဲ့သည်။ ချင်းယွင် ကလည်း နေမကောင်းဖြစ်နေသောကြောင့် သူမ ဘာမှ ထပ်လည်းမပြောတော့ပါ.။ အမတ်ကြီးတို့ကိုလည်း အားနာလှသည်။
ချင်းယွင်….
ချင်းယွင် အကြောင်းတွေးမိတော့ သူမ နေ့လည်ကမြင်ကွင်းကို တွေးမိသွားသည်။ နေ့လည်က ချင်းယွင်ကို တစ်ချက်ပြန်ကြည့်ရန် လာစဉ် အော်ခန်းသည် ချင်းယွင်ကို အနမ်းပေးလိုက်သည်တဲ့။ တံခါးဖွင့်မလို့လုပ်တာတောင် ကတုန်ကယင်နှင့် ပြန်ပိတ်ကာ ထွက်လာခဲ့ရသည်။ သို့ပေမယ့် ဤကိစ္စအပေါ် သူမ ပြောစရာ ရှိမနေပါ.။
မနက်အချိန်ကတည်းက ထွက်သွားသော အော်ခန်းဆီ သို့ မင်ထိုက် လိုက်လာခဲ့လိုက်သည်။ ညစောင်းအချိန်တောင် ရောက်တော့ မည်မို့ မှောင်ရီပျိုးနေလေပြီ။ အော်ခန်း အခန်းဟု သတ်မှတ်ထားသည်ဘက်အသွား ပန်းခြံနားမှာ ချင်းဝမ်ကို တွေ့၏။
“ချင်းဝမ် ဘာလုပ်နေတာလဲ??”
“မင်ထိုက်..”
ခရီးထွက်လာကတည်းက အတော်အတန်ရင်းနှီးနေပြီမို့ ပြောဆိုရတာ လွတ်လွတ်မှုတော့ခံစားရသည်။ မင်ထိုက် က ချင်းဝမ် ဘေးက ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။
“လတောင် ထွက်စပြုနေပြီနော်.။ ”
“မင်ထိုက်! သခင်လေးအော်ခန်း နဲ့ ချင်းယွင် ကိစ္စကိုသိနေတာလား..”
မင်ထိုက် သည် ချင်းဝမ်ကို မကြည့်ဘဲ ကောင်းကင်ပြင်ကိုမော့ကြည့်လိုက်သည်။ ပြီးမှ သက်ပြင်းငွေ့ငွေ့ချကာ---
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...