အော်ခန်းတို့၏ ယုံကြည်ရသော တော်ဝင်သတင်းထောက်တွေ၏ ပေးပို့ချက်ကြောင့် ယခု အထိန်းတော်ဟောင်းတစ်ယောက် အိမ်တွင် အော်ခန်းနှင့် ရှောင်ဖူ ..မင်ထိုက်တို့ရောက်နေကြသည်။"သက်တောင့်သက်သာပဲနေပါ. ကျွန်တော်တို့ကို အဆင်ပြေသလိုပြောလို့ရတယ်."
မည်သို့ပင် ပြောသော်ငြား အသက် ၄၀ နားပါးရှိနေလောက်သော အမျိုးသမီးက မထိုင်ရဲဘဲ ဘေးမှာသာခပ်ကုပ်ကုပ်ရပ်သည်။ အော်ခန်းနှင့် မင်ထိုက် က ဘေးချင်းကပ်ထိုင်လျက် ရှောင်ဖူ က အော်ခန်းဘေးတွင်မတ်တပ်ရပ်နေသည်။
"ဟုတ်ကဲ့ပါ.အိမ်ရှေ့စံမင်းသား..။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ညမှာ ထုံချမ်းနယ်စားမင်း က သစ်တော်သီး ပန်းကန်ကိုင်ပြီး ဦးရီးတော် ၄ အခန်းကို ၀င်သွားခဲ့တာပါ..သိပ်မကြာပါဘူး.နာနာကျင်ကျင် အော်သံကိုကြားရပြီး ကျွန်မအပါအ၀င် ကိုယ်ရံတော်တွေ ကလည်း အခန်းထဲ ၀င်သွားတော့ --ဟို--ဦးရီးတော် ၄ က ပါးစပ်ထဲမှာသစ်တော်သီး တစ်စိတ်နဲ့ အမြှုပ်တွေထွက်ပြီး--"
"ထုံချမ်းနယ်စားမင်း ပုံစံကရော အဲ့ချိန် ဘယ်လိုရှိနေလဲ."
လွန်ခဲ့ပြီးသော ကိစ္စတွေဖြစ်သောကြောင့် အထိန်းတော်ကြီးက ခဏမျှတော့ စဉ်းစားနေပုံ၇သည်။
"သူ့ပုံစံက ထိတ်လန့်နေ---အဲ့ ထိတ်လန့်နေတယ်ဆိုတာ ဦးရီးတော် ၄ တစ်ခုခုဖြစ်မှာစိုးလို့ အရမ်းစိတ်ပူနေပုံမျိုးနဲ့ပါ.ချက်ချင်းပဲ အော်ဟစ်ပြီး...သမားတော် ခေါ်ဖို့ပြောနေတာ.ဦးရီးတော် ၄ ကို သူ သယ်ဖို့ လုပ်နေတုန်းမှာပဲ တပ်မှူးကျို ဦးဆောင်လာတဲ့ နန်းတွင်းရဲမက်တွေက.လုပ်ကြံမှုဆိုပြီး ဖမ်းခေါ်သွားတာပါ အိမ်ရှေ့စံမင်းသား..."
ဒီတစ်ခါတော့ အော်ခန်းနှင့် မင်ထိုက်အကြည့်ချင်းဆုံသွားကြသည်။ နှစ်ယောက်သား အဓိပ္ပာယ်ပါပါ ကြည့်နေကြပြီးမှ..
"ကိစ္စတွေက အဆောတလျင်ဖြစ်သွားတာကို ဘယ်သူက တပ်မှူးကျို ကို အကြောင်းကြားလိုက်တာလဲ"
"မသိပါဘူး မင်းသားမင်ထိုက်..ကျွန်မတို့တွေကတော့ ဦးရီးတော် ၄ ကို သမားတော်နဲ့ပြဖို့အတွက်ပဲ လောနေကြတာပါ.."
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...