“ဘာအကြောင်းလဲတော့ ကျွန်တော်လည်း မသိပါဘူး အမတ်ကြီး ။ မင်းကြီးက ဆင့်ခေါ်ခိုင်းလို့ခေါ်ရတာပါ.။”
ဆင့်ခေါ်ခံရသူက သူ ဆိုလျှင်ကိစ္စမရှိ.ယခုက ချင်းယွင်.။ မင်းကြီး ဆင့်ခေါ်သည်က ချင်းးယွင်မို့ အမတ်ကြီးတရှင်း မျက်နှာမသာ မယာရှိနေလှသည်.။
“တစ်ခါတည်းလိုက်ခဲ့ရပါမယ်.သခင်လေးပိုင်.။”
“ကျွန်တော်က ဘာလို့မင်းကြီးနဲ့တွေ့ရမှာလဲ.။ တွေ့စရာအကြောင်းမရှိဘူးလေ.။ဘာအပြစ်မှလည်းမလုပ်ထားသလို တွေ့လည်းမတွေ့ချင်ဘူး.”
ချင်းယွင် က မျက်နှာခပ်တည်တည်နှင့် ငြင်းနေသည်ကို အမိန့်လာပြန်သည့် မင်းကြီးကိုယ်ရံတော်က အနည်းငယ်စိတ်ရှုပ်သွားသည်.။ မနေ့က အမှတ်မထင်ကြားလိုက်ရသည့် အိမ်ရှေ့စံမင်းသား မြတ်နိုးနေသူဆိုတော့ သူလည်း လက်လွတ်စပယ်မလုပ်ရဲ.။သို့ပေမယ့်လည်း မဖြစ်မနေရအောင်ခေါ်လာခဲ့ဆိုသော မင်းကြီး စကားကနားထဲ ပြန်ကြားယောင်ရသည်.။
“မလိုက်ဘူးဆိုရင် ကျွန်တော်တို့က ရအောင်ခေါ်သွားရမှာပါ.။”
“အာဏာသုံးချင်ပြီလား???”
ကိုယ်ရံတော် မျက်ရိပ်ပြလိုက်တော့ အနောက်မှာ အသင့်ရှိနေသည့် ရဲမက်နှစ်ယောက်က ချင်းယွင် ကိုချူပ်ဖို့ရှေ့တိုးလာကြသည်.။အမတ်ကြီး ခမျာ ဘာလုပ်လို့လုပ်ရမှန်းမသိ.။ မင်းသားမင်ထိုက် ကလည်း အတွင်းထဲက ချင်းဝမ် အခန်းထဲတွင် အမတ်ကြီးကတော်နဲ့အတူ၇ှိနေသည်.။
“သက်ညှာပေးပါ.။ကျွန်တော် သားကိုဖြောင်းဖြပါ့မယ် အဲ့လိုမျိုးအတင်း--”
“အဲ့လက်တွေကို လွှတ်လိုက်.!!!!”
မာထန်နေသည့် အသံထွက်ပေါ်ရာကိုကြည့်လိုက်လေတော့ အော်ခန်းသည် လက်နှစ်ဖက်နောက်ပစ်လျက် လျှောက်လာနေသည်.။ ချင်းယွင် မှ လွဲ၍ ကိုယ်ရံတော် ရဲမက်တွေနှင့်အမတ်ကြီးက ဂါရ၀ပြု နှုတ်ခွန်းဆက်သကြသည်.။
“ဘာလို့ အတင်းအကျပ်လုပ်နေရတာလဲ.။”
“တောင်းပန်ပါတယ် အိမ်ရှေ့စံမင်းသား.။ မင်းကြီးက ခေါ်ဆောင်လာဖို့ခိုင်းလို့ပါ.။အဲ့ဒါ သခင်လေးပိုင်က မလိုက်ချင်ဘူးဆိုလို့ ကျွန်တော်တို့က မလွှဲသာလို့ပါ.။”
KAMU SEDANG MEMBACA
နှလုံးသားထဲက ဒဏ္ဍာရီ
Fiksi SejarahBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...