Part-23

9.1K 847 4
                                    

တစ်ခါက အနမ်းတို့ဖလှယ်ခဲ့ဖူးသည့် ချယ်ရီပင်တန်းကိုရောက်တော့ အော်ခန်းကေ၇ာက်နှင့်နေပြီ.။ မြစ်ပြင်ကျယ်ကို ငေးကြည့်နေသည့် သူ့နောက်ကျောကိုကြည့်ရုံနဲ့ ချင်းယွင် မျက်နှာလေးပြုံးသွားရကာ နောက်ကနေ ပြေးဖက်လိုက်၏။

“အ!! ယွင်.. ဖြည်းဖြည်းဖက်ပါ..”

အနောက်ကဖက်ထားသူကို ရှေ့ကိုဆွဲယူကာ မျက်နှာချင်းဆိုင်လိုက်တော့ ပြုံးစစနှင့်ကြည့်နေ၏။ ပုံစံလေးကို အော်ခန်း အသည်းယားသွားရကာ.

“ပြော-- ဘာလို့ နောက်ကျနေရတာလဲ”

“အာ..အစ်ကိုမင်ထိုက် အတွက် စွပ်ပြုတ်ပြုတ်ပေးနေလို့ပါ.။ သူက အစ်ကိုခန်းကိုကယ်တင်ထားတာမလား??”

“ဟား ဟား ---ယွင်..သူ့ကိုပြုစု၇မယ့်နောက်တစ်ကြောင်းကရှိသေးတယ်.သူက ယွင့် မမရဲ့ ခင်ပွန်းဖြစ်လာမှာ.”

“အမ်..မမ နဲ့ အစ်ကိုမင်ထိုက်.။ဟာ--ကျွန်တော် ဘာလို့မသိရတာလဲ မမကရော ဘာလို့မပြောပြရတာလဲ.။ကျွန်တော်ကတော့ အားလုံးပြောပြတာကိုး။”

စူပုတ်ပုတ်ဖြစ်နေသည့်ပါးလေးကို တစ်ချက်လောက် အသာပွတ်ပေးလိုက်သည်။

“စိတ်မဆိုးနေနဲ့တော့ .။ချင်းဝမ်က ရှက်မှာပေါ့ ။ နောက် သူ ပြောပြပါလိမ့်မယ်.ကဲ..ကိုယ် ယူခိုင်းတဲ့ ၀ါးဓားလေး ပါလာလား???”

ချင်းယွင် ခေါင်းညိတ်လိုက်ကာ လွီလုမြို့တုန်းက အော်ခန်း လက်ဆောင်လုပ်ပေးခဲ့သည့် ၀ါးဓားလေးကို ထုတ်ပေးလိုက်သည်။ အော်ခန်း က ၀ါးဓားလေး၏ အောက်နားတွင် အရင်ကတည်းကဖောက်ထားပြီးခဲ့သောအပေါက်လေး၌ အနီရောင်ကြိုးနှင့် လခြမ်းပုံစံ ကျောက်စိမ်းပြားသေးသေးလေး တစ်ခုချိတ်ဆွဲပေး၏။

“အစက အဲ့အပေါက်လေးက ဘာလုပ်ဖို့လဲလို့တွေးနေမိတာ. အစ်ကိုခန်း ပေးကတည်းက စဉ်းစားပြီး ဖောက်ထားတာလား.”

လက်ထဲရောက်လာသည့် ၀ါးဓားလေးကို တကြည့်ကြည့်နှင့် ချင်းယွင် ပီတီဖြာနေသည်။ အလေးအနက်ထားတာကိုလည်း နှစ်ခြိုက်ရ၏.

“ဒါပေါ့.ကိုယ် အစကတည်းက စဉ်းစားထားပြီးသားပါ.ဒါနဲ့ ပြောစရာ ရှိတယ်ဆိုတာကရော.??”

နှလုံးသားထဲက ဒဏ္ဍာရီTempat cerita menjadi hidup. Temukan sekarang