“အစ်ကိုခန်း ~”
“အင်း ~ ”
အသံမထွက်ဘဲနှင့် နှုတ်ခမ်းလှုပ်ရုံထူးသော အော်ခန်း သည် စစ်ရေးဗျူဟာစာအုပ်ထူတစ်အုပ်ကို ဖတ်ရှုလေ့လာနေသည်.။ စာဖတ်ခန်းထဲက အေးအေးသက်သာထိုင်၍ရစေရန်လုပ်ထားသော သစ်သားကြမ်းခင်းကျယ်ပေါ်တွင် စားပွဲခုံပုလေးပေါ် စာအုပ်တင်လျက် စိတ်ဝင်တစားဖြစ်နေခြင်းဖြစ်သည်.။ ချင်းယွင် ကတော့ သူ့နောက်နားမှာ နံရံကိုမှီလျက် ခပ်လျောလျောလေး ထိုင်နေသည်.။
“အစ်ကိုခန်း လို့ဆို~~”
တုံ့ပြန်မှုမလာပါ.။သူကပင် အမြဲဂရုတစိုက်ချစ်ပေးနေသော်လည်း သူ့ထက်ပိုကာ အမြဲပိုချစ်ပေးသည့် အော်ခန်း ကြောင့် မိန်းကလေး တစ်ယောက်မဟုတ်ပါဘဲနှင့်လည်း ချုင်းယွင် သည် အော်ခန်းအပေါ်ဆိုလျှင် နွဲ့ဆိုးလေးမသိမသာဆိုးချင်ပါသည်.။ လျစ်လျူရှုခံရသည့် ခံစားချက်သေးသေးလေးကြောင့် ချင်းယွင် မျက်နှာလေး အနည်းငယ်ညိုကာ ခေါင်းထဲ အကြံတစ်ခု လင်းလက်သွားခဲ့သည်.။ လွီလုဈေးတုန်းက မိန်းမပျိုတစ်ဦးနှင့် စကားပြောနေသော သူ့ကို ဒီနည်းပဲ သုံးခဲ့သည် မဟုတ်လား.။
“အား~~~ နာလို့သေတော့မယ်~ ဗိုက်အောင့်လိုက်တာ အစ်ကိုခန်း ကူပါဦး”
“ဘာ!!! ဘာဖြစ်တာလဲ ယွင် .။ဘယ်နားကလဲ ပြစမ်း အရမ်းကိုနာနေလား.???”
လေကဲ့သို့လျင်မြန်သော အရှိန်ဖြင့် ရောက်လာသူကြောင့် ကျေနပ်စွာပြုံးမိလိုက်သည်.။ စိတ်ပူပင်မှုတို့ပြည့်နှက်နေသည့် အော်ခန်း၏ မျက်နှာချောချောကို ငေးခနဲကြည့်ကာ လက်ဆွဲလျက် အနားတွင် ထိုင်စေလိုက်၏။
“ယွင် ဘယ်နား နာတာလဲဆို ”~
“မနာပါဘူး..အစ်ကိုခန်း က ကျွန်ေတာ့်ကို ဂရုမစိုက်လို့.ဟန်ဆောင်တာ.”
ခေါင်းမော့ကာ ပွင့်လင်းဟန်ဖြင့်ပြောနေသည့် ချင်းယွင်ကို အော်ခန်း ကအသာဖက်ကာ ရင်ခွင်ထဲထွေးပွေ့ထားလိုက်သည်.။
“အဲ့လိုမဟုတ်ပါဘူးကွာ..စစ်သူကြီးနဲ့ ဗျူဟာအကြောင်းဆွေးနွေးဖို့ရှိလို့.။ကိုယ် နည်းနည်းလေ့လာနေတာပါ.။”
ŞİMDİ OKUDUĞUN
နှလုံးသားထဲက ဒဏ္ဍာရီ
Tarihi KurguBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...