Part-32

8.9K 893 30
                                    

အော်ခန်းက ၀တ်စုံနက်တွေကို ရှောင်ဖူ ကိုစောင့်ခိုင်းပြီး ထန်းပေါင်ကို အော်ခန်း၏ ကိုယ်ပိုင်ရဲမက်တစ်ချို့ကို သွားခေါ်ခိုင်းလိုက်သည်.။

“မမ သတိထားပါဦး!!”

“ချင်းဝမ် တောင်းပန်ပါတယ် .ကျွန်တော့်ကို မနောက်ပါနဲ့.”

မင်ထိုက်သည် ချင်းဝမ်ကို ပွေ့ထားလျက် စိုးရိမ်တကြီးဖြစ်နေသလို ချင်းယွင် က ရင်ညွန့်နားက ဓါးလေးကို ဆွဲနှုတ်လိုက်သည်။ သွေးတွေက ပန်းခနဲထွက်လာသည်.။ချက်ချင်းပင် လွယ်လာသည့် ၀ါးအိတ်လေးထဲက ဆေးတစ်ချို့ထုတ်ကာ ဒဏ်ရာပေါ် အရင်အုံပေးလိုက်သည်.။

“အနီးဆုံး အနီးဆုံးတောင်ခြေက ဆေးခန်းကို ခေါ်သွားရမယ်..”

“ကောင်းပြီ..”

မင်ထိုက် က ချင်းယွင် အကူအညီနဲ့ ချင်းဝမ်ကို ပွေ့ကာ မြင်းပေါ်တင်၍ ရင်ခွင်ထဲတွင် ထည့်ထားလိုက်သည်.။

“မင်း..အော်ခန်း မြင်းနဲ့လိုက်လာခဲ့လိုက်နော်.”

မင်ထိုက် က မြင်းကို ခပ်မှန်မှန်နှင်လျက် ထွက်သွားသည်.။ ချင်းယွင် စိတ်ပူစွာ ခြေတစ်လှမ်းလှမ်းကာ လိုက်မည်ကြံပြီးမှ ယိုင်ခနဲ ဖြစ်သွားသည်.။

“ယွင် ~~~ ဘာဖြစ်တာလဲ.”

အော်ခန်း သည် အနားသို့ အမြန်ရောက်လာကာ ကြည့်လိုက်တော့ ခြေသလုံးခန့်နားတွင် သွေးထွက်နေသည့် ပြတ် ရှာရာတစ်ခု.။

“မမ မမ ဆီသွားရမယ်.”

“ခဏလေး.ပါ.”

အော်ခန်းသည် ခါးစည်းထဲတွင် ထည့်ထားတတ်သည့် ပုဝါစကို ထုတ်ကာ ချင်းယွင် ရှေ့ဒူးထောက်၍ ခြေသလုံးနားကို သေချာချည်ပေးလိုက်သည်။ ရှောင်ဖူ ကတော့ ခပ်လှမ်းလှမ်းက နေ အိမ်ရှေ့စံမင်းသား၏ ဂရုတစိုက်ရှိလွန်းမှုကို သက်ပြင်းချမိ သည်.။

“မ--မလိုပါဘူး အိမ်ရှေ့စံမင်းသား..”

“ရပြီ--လာ. သွားကြစို့”

အော်ခန်း သည် အသာပြုံးကာ မြင်းဆီသို့ ခေါ်ဆောင်သည်.။ တန်ဖိုးကြီးလှသည့် မင်းသားအဆောင်အယောင်တို့နှင့် အော်ခန်း သည် ချောမွေ့၇ှင်းသန့်သည်ထက်ပင် ပိုကာတင့်တယ်လွန်းလှသည်.။  ခန့်မှန်းရသည်က ကန်တော့ပွဲကနေ ပြေးလာကြဟန်ရှိသည်.။ ယခုလိုမျိုးတွေ အစဉ်သဖြင့် ကြုံတွေ့လာလျှင် ချင်းယွင် လက်မလွှတ်နိုင်မှာ..မမုန်းနိုင်မှာစိုးလှ၏။

နှလုံးသားထဲက ဒဏ္ဍာရီTempat cerita menjadi hidup. Temukan sekarang