Part-34

9.2K 845 4
                                    

သစ်ပင်ကြီး၏ လူတစ်ရပ်စာမြင့်သော သစ်ကိုင်းခွဲကြားတွင် ထန်းပေါင် က ထိုင်နေပြီး ရှောင်ဖူကို ရင်ခွင်ထဲထည့်ထားသည်။ ရှောင်ဖူသည် ငှက်ရုပ်ချိုချဉ်လေး တစ်ခုကို ကိုင်စားလျက် ထန်းပေါင် ရင်ခွင်ထဲကနေ ရှေ့ကမြင်နေရသော မြစ်၏ ဆည်းဆာချိန်ကို ကြည့်နေသည်.။

“ငှက်ရုပ်ချိုချဉ်ကို အဲ့လောက်တောင်ပဲကြိုက်လား??”

“ဒါပေါ့ မင်း ခဏ ခဏ၀ယ်ကျွေးခဲ့တာကိုး.။ပြန်တွေးကြည့်တော့လေ..တကယ်တမ်း ရေခဲတုံးကြီး မင်းကို စချစ်ရတာကငါ ပါ.။အဲ့ဒါကို သေချာဂရုစိုက်မခံရဘူး.”

“သဲသဲလှုပ်ဂရုစိုက်နေမှ ချစ်တာမဟုတ်ဘူး ရှောင်ဖူလေးရဲ့”

ရင်ခွင်ထဲကနေမော့မေးလာသူကို ထန်းပေါင် က နှုတ်ခမ်းဖျားကို ဖျတ်ခနဲ နမ်းလိုက်တော့ ခပ်ချိုချို အရသာလေး ခံစားလိုက်ရသည်.။

“ဒါဆို--”

“ခဏလေး..ငါ ခဏနမ်းဦးမယ်”

“အမ်. လျန်းထန်းပေါင် မင်း--အင့်.”

တားဆီးသည်က အရာမရောက်လိုက်.။ထန်းပေါင်သည် ချိုချဉ်နံ့လေးသင်းကာ မွှေးချိုအီနေသော နှုတ်ခမ်းပါးတစ်စုံကို မက်မက်မောမော စားသုံးနေသည်.။ တရှိုက်မက်မက် နမ်းနေသည်မို့ကြာတော့ ရှောင်ဖူ အသက်ရှုမ၀ဖြစ်လာကာ သူ့ရင်ဘတ်တွေ ကို တဗုန်းဗုန်းထုပစ်လိုက်သည်.။

“မင်း သေချင်နေပြီလား?? ဟိုတစ်ခေါက်ကလည်း မင်း လုပ်လို့ ငါနှုတ်ခမ်း လေးဖူးယောင်နေတာကို သခင်လေး ကဘယ်လောက်စတယ်ထင်လဲ.”

ရှောင်ဖူ စုပုတ်ပုတ် ပြောနေတာကို ထန်းပေါင်က ရယ်သည်.။ထို့နောက် ပြန်တိုးဖက်လိုက်တော့လည်း သူလေးက ရုန်းတာမဟုတ်.။

“ခုနက ငါ မေးမလို့။ ချင်းယွင်ကလေ..ငါတို့သခင်လေးကို ချစ်တယ်လို့မင်းထင်လား??ငါ့အမြင်တော့ သူက သခင်လေးကို အရမ်း လျစ်လျူရှုလွန်းတယ်.”

“သူ သခင်လေးကိုချစ်တယ်။ ငါယုံကြည်တယ်. သခင်လေးထက်မပိုရင်သာနေမယ် သူ ချစ်ပါတယ်.။ဘာလို့လဲဆိုတော့ ငါနဲ့သူက ချစ်ပုံခြင်းဆင်တယ်လေ။သေလောက်အောင်ချစ်ရတာကို စကားနဲ့ဖော်ကျူးမပြတတ်ဘူး.။ဒါပေမယ့် ရင်ထဲမှာက ဘယ်တော့မှ မပြောင်းတဲ့ အချစ်ကတော့ သူ တစ်ယောက်ထဲပဲ၇ှိတယ်.အဲ့လိုမျိုးပေါ့.။”

နှလုံးသားထဲက ဒဏ္ဍာရီTempat cerita menjadi hidup. Temukan sekarang