အိမ်ထဲက ထိုင်ခုံလေးမှာထိုင်လျက် ခြံဝင်းလေးထဲ ထွက်ပြီး ကြည့်လိုက်နဲ့ ချင်းယွင် အလုပ်ရှုပ်နေသည်။ သူလာမှ ဆေးမြစ်တူး သွားပါမယ်ဆိုတာကိုနားမထောင်ဘဲ ထွက်သွားခဲ့လို့ ချင်းဝမ်ကို စိတ်ဆိုးရသလို စိတ်လည်းပူရသည်။ ဟော---လာပါပြီ..။
“မမ.. ကျွန်တော် ပြောထားတယ်လေ..လိုက်ခဲ့ပါ့မယ်ဆို ဘာလို့မစောင့်တာလဲ ခုတော့ကျွန်တော် ဘယ်လောက်စိတ်ပူ…”
ချင်းယွင် စကားတွေက ချင်းဝမ် တစ်ယောက်တည်း မဟုတ်တာသတိထားမိပြီးမှ ရပ်သွားရ၏။
“ကဲပါ နောက်မှပြောပါ..ဒိမှာ လူနာပါလာတယ်။ ဆေးခန်းထဲ သွားမယ်..ကြွပါ.သခင်လေး အော်ခန်း..”
ချင်းဝမ် က သူတို့နေတဲ့အိမ်လေးရဲ့ ဘေးမှာသပ်သပ်ဆောက်ထားပုံရတဲ့နေရာကို ခေါ်သွားတော့ အော်ခန်းတို့နှစ်ယောက် လည်းလိုက်ပါသွားရသည်။ ချင်းယွင် လည်းခဏကြောင်ရပ်နေပြီးမှ ခပ်မြန်မြန်လိုက်ရ၏။ ဒဏ်ရာကို ဆေးကြောချူပ်ပြီးသည့် အထိ ဘာစကားမှ မပြောဖြစ်ကြ။ ချင်းဝမ် လုပ်သမျှကို ချင်းယွင်က ကူလုပ်ပေးနေပြီး ရှောင်ဖူကတော့ အော်ခန်းဒဏ်ရာကို သာ စိုးရိမ်တကြည့်ကြည့်…။
“ရပါပြီ..။ ပြီးတော့ ကျေးဇူးတင်ပါတယ်ရှင်..”
“မဟုတ်တာဗျာ..တကယ်ဆို ကျွန်တော်တို့ကြောင့်သာ မိန်းကလေးချင်းဝမ် ဒုက္ခရောက်တော့မလိုဖြစ်ရတာပါ.”
“ဟင်..အဲ့ဒါ ဘာပြောတာလဲ မမ..”
ရေနွေးဇလုံသွန်ပြီး ပြန်လာတဲ့ ချင်းယွင် ကကြားလိုက်တာမို့ ချင်းဝမ် မျက်နှာပျက်သွားရသည်။
“သြော်..ကျွန်တော်တို့ဓားပြတွေနဲ့ တိုက်ခိုက်နေတုန်း ဒီကမိန်းကလေးက ရောက်လာပြီး ဓားစာခံလုပ်ခံရတာကို ကျွန်တော်တို့ သခင်လေး ကကယ်တင်လိုက်တာ..”
ရှောင်ဖူ က အားတက်သရောရှင်းပြတာဆုံးတော့ ချင်းယွင် အကြည့်စူးစူးရောက်လာသည်.။
“ကယ်ရမှာပေါ့..ခင်ဗျားတို့ အရှုပ်ကြောင့် မမ ဒုက္ခရောက်တော့မလိုဖြစ်တာမလား.ပြီးတော့ မမ တစ်ခုခုဖြစ်ရင် ကျွန်တော် ဘယ်လိုလုပ်ရမလဲဟင်..မမ က ပါ ကျွန်တော့်ကိုထားခဲ့ချင်-”
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...