Part -27

8.6K 956 16
                                    


"အိမ်ရှေ့စံမင်းသားအကြောင်း ပြောမှာဆိုရင်တော့ ထွက်သွားကြ.!!"

"မင်းကြီး.."

မင်းကြီးသည် လက်ဖက်ရည်ဆက်သနေသည့် အပျိုတော် ဆီက လက်ဖက်ရည်ခွက်ကို သာ အရသာခံသောက်နေပုံရသည်..။ ကန်လယ်တွင်ရှိသည့် နားနေဆောင်သည် ကြာပန်းတွေနှင့်တင့်တယ်လှပေနေသလို သာယာလှသည့်နေ့ခင်းချိန်သည် မင်ထိုက် တို့အတွက် မလှပနိုင်..။ အော်ခန်း သည် လိန်နန်းဆောင်တွင်ရောက်နေသည်မှာ ကြိမ်ဒဏ်ခံရသည့်ရက်နှင့်ပေါင်းလျှင် ယနေ့နှင့်ဆို လေးရက်မြောက်လေပြီ။ မည်သို့ပင်တွေ့ဖို့ကြိုးစားစေကာမူ စကားအစမခံသည့် မင်းကြီးကို ခု သူနားနေချိန်တွင် အမတ်ကြီးနှင့်အတူ နှစ်ယောက်သား အရဲစွန့်လာတွေ့ကြရခြင်းသာ...။

"သက်ညှာပေးပါ ခမည်းတော်..အော်ခန်းက သည်းခံနိုင်တော့မှာမဟုတ်ဘူး သူ--အတွင်းဒဏ်ရသွားလိမ့်မယ်.."

"စခဲ့တာ ဘယ်သူလဲ..ငါလား...မထီမဲ့မြင် လုပ်တာသူလေ... ပြီးပြီးသားကိစ္စတစ်ခုကို အစဖော်ချင်နေတာ သူ..ဦးရီးတော် ၄ ရဲ့ နှစ်ပတ်လည်ပွဲအတွက်ပြင်ဆင်ဖို့ပြောထားတာကို ထုံချမ်းနယ်စားကိစ္စနှင့် အလုပ်များနေတာသူလေ..."

"သူ တစ်ယောက်တည်း မဟုတ်ပါဘူး ခမည်းတော် ကျွန်တော်လည်း ဖော်ထုတ်စေချင်တယ်."

"ကျွန်တော်မျိုးရော ပြန်လည်စစ်ဆေးစေချင်ပါတယ်.."

"အမတ်ကြီး တရှင်း ခင်ဗျားကပါ..."

မင်းကြီး စိတ်ပျက်လက်ပျက် နဲ့ လေပူ မှုတ်ထုတ်လိုက်သည်။

"ခမည်းတော် သိပါတယ်..အော်ခန်းက အမှန်တရားအတွက် ဘာမဆိုလုပ်မယ်ဆိုတာ ခမည်းတော် မှတ်မိလား.။ သူ့ရဲ့မြင်းဖြူလေး သေသွားတာလေ.အားလုံးက မြင်းထိန်း ဂရုမစိုက်လို့ဆိုပြီး အပြစ်ပေးခံရတော့မယ့်အချိန်... သူ သက်သေပြခဲ့တယ် သူ့မြင်းလေး သူများ အဆိပ်ခတ်လို့သေခဲ့ရတာကို..။ သူ့အပေါ်သိပ်ကိုကောင်းပြီး စေတနာထားတဲ့မြင်းထိန်းကို သူ သံယောဇဉ်ရှိလွန်းလို့ ကိစ္စကို ငယ်ငယ်လေးနဲ့ရအောင်ဖော်ထုတ်ခဲ့တာပါ..ခု သူ အရွယ်ရောက်နေပြီ..သူချစ်တဲ့သူအတွက် အမှုမှန်ကိုသေချာဖော်ထုတ်မှာပဲ..။"

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now