" ကြွရောက်လာတာ ဝမ်းမြောက်မိပါတယ် အရှင်မင်းသား။ ဧည့်ဝတ်ကျေပြွန်ပါ့မယ်"
" ရတယ် မြို့စားမင်း။ အဆင်ပြေသလိုနေပါ။ ဒီမှာ ကျွန်တော့်ကို မင်းသားတစ်ယောက်အဖြစ်ကနေ ခဏမေ့ထားပေးပါ"
မင်ထိုက်သည် သောက်လက်စ အခါးရည်ခွက်လေးကို ပြန်ချရင်း မျက်စိရှေ့က ကျိုးနွံနေသည့် လွီလုမြို့စားကို ပြောလိုက်သည်။
"ရက်ပိုင်းလောက်ကြာမယ်ထင်ရတယ်။မြို့စားမင်း အဆင်ပြေသလို စီစဉ်ပေးပါဦး။ ဒီက ကုန်သွယ်လုပ်ငန်းတွေနဲ့ ခုတလော လူပျောက်မှုတွေ ကို ကျွန်တော် စုံစမ်းမှာ မို့ ပူးပေါင်းကူညီပေးပါ။"
"ဟုတ်ကဲ့ပါ အရှင့်--- အဲ့ သခင်လေး "
"အစ်ကိုကြီး အစ်ကိုကြီး ကျွန်တော်ပျော်ပွဲရုံက "
အသက် ၃၅ ခန့်ရှိမည်ထင်ရသော ထောင်ထောင်မောင်းမောင်းနဲ့ လူတစ်ယောက်က ဒေါသတကြီး ဝင်လာကာ မင်ထိုက်နဲ့ ကိုယ်ရံတော် ကိုတွေ့တော့ ရပ်သွားရသည်။
"အတင့်ရဲလိုက်တာ !! ခုချက်ချင်း ဒူးထောက်စမ်း မင်းသားရှေ့မှာ ဘယ်လိုရိုင်းပြတဲ့ အပြုအမူလဲ "
"မင်းသား ?? အပြစ်ပြုမိပါတယ် မင်းသား။ "
ခဏကြောင်ကြည့်နေပြီးမှ ဒူးထောက်ဂါရဝ ပြုသည်။ မင်ထိုက် က ဒီတိုင်း အေးအေးဆေးဆေးပဲကြည့်နေလျက်
" ကျွန်တော့် ညီဝမ်းကွဲပါ သခင်လေး "
"ကျွန်တော်မျိုး လုံထင် မင်းသားကို ဂါရဝပြုပါတယ်"
"ရပြီ ထပါ။ မောင်မင်းက လုပ်ငန်းတွေလုပ်တယ်ထင်တယ်။ ပျော်ပွဲရုံ ဆိုတာ ကျွန်တော် စိတ်ဝင်စားတယ်"
မင်ထိုက် စကားကြောင့် လုံထင် မျက်လုံးတွေအရောင် ထွက်သွားသည်။
" မင်းသား နှစ်သက်တယ်ဆိုရင် ကျွန်တော်မျိုး အကောင်းဆုံး စီစဉ်ပေးပါ့မယ်"
" အဆင်ပြေတာပေါ့။ညနေကျမှ ဆုံရအောင် ခုတော့ အနားယူလိုက်ဦးမယ်"
မင်ထိုက် စကားအဆုံးမှာ အသင့်ရှိနေသည့် ရံရွေတော် များနှင့်အတူ မြို့စားမင်းကိုယ်တိုင် စီစဉ်ထားသော အခန်းထဲ သို့ပို့ဆောင်ပေးလိုက်သည်။
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...