Part-10

12.5K 1.2K 9
                                    

ချင်းဝမ် သည် လက်ကကြိမ်ခြင်းလေးကိုင်လျက် ဈေးဝယ်ရန် ထွက်လာခဲ့သည်။ ဈေးထဲက တစ်နေရာမှာ လူအချို့ဝိုင်းအုံနေတာ တွေ့လိုက်ရသည်။ မိန်းကလေး ပီပီ သိချင်စိတ်နဲ့ တိုးဝင်ကြည့်လိုက်ကာမှ မျက်လုံးပြူးသွားသည်။ ဗိုက်မှာ သွေးအချို့နဲ့ မြေပြင်ပေါ် လဲကာ နာကျင်နေသော လူတစ်ယောက်။
ချင်းဝမ် ချက်ချင်းပဲ ပြေးသွားကာ လွယ်နေကျ အိတ်သေးသေးလေးထဲက ဆေးအချို့နဲ့သွေးတိတ်အောင် အရင်လုပ်ပေးလိုက်သည်။ ပြီးမှလူအုပ်ဘက်လှည့်ကာ

" နည်းနည်းပါးပါး ကူညီပေးကြပါဦးးလား လူတစ်ယောက်လုံး ဒီလိုလဲနေတာ။ သွေးက ခဏပဲတိတ် အောင်လုပ်ပေးထားတာ ဆေးခန်းပို့ရမယ်ရှင့် "

မိန်းမပျိုအရွယ်လေးက စကားစပြီး ဦးဆောင်လာတော့ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သို့ပေမယ့်---

" ဘယ်သူက အဲ့ကောင်ကို ထိရဲတာလဲ"

ခပ်မာမာအသံနဲ့ ရောက်တာက လုံထင်။ ဘေးမှာလည်း တပည့်လိုလို လူ သုံးယောက်နဲ့။

"ဒီကောင်က ငါတို့ဆရာကြီးရဲ့ ပိုက်ဆံကိုခိုးလို့ အပြစ်ပေးထားတာ ။ မိန်းကလေး ဝင်မပါနဲ့"

သခင်အားရ ကျွန်ပါးဝ ပုံစံနဲ့ တပည့်တစ်ယောက်ကို ချင်းဝမ် ခပ်စူးစူးပြန်ကြည့်လိုက်သည်။

" ခိုးတယ်ဆိုရင်လည်း ရုံးတော်ပို့ပေါ့။ ဒီလို ဗိုက်ကို ဓားနဲ့ထိုးပြီး လမ်းလည်မှာ ပစ်ထားစရာလား။  ရှင်တို့ ဥပဒေ နားမလည်ဘူးလား"

" ဥပဒေ က အစကတည်းကမှ မရှိတာ။ ပြောမနေပါနဲ့ မမ။ လူနာကို အရင်သယ်ရအောင်"

ရုတ်တရက် ရောက်လာသော ချင်းယွင် က ထိုလူစုကို ဂရုမစိုက်ဘဲ ချင်းဝမ် နား သာ ဦးတည်လိုက်သည်။ ဘေးက လူအုပ်လည်း လုံထင်တို့လာတာမြင်ကတည်း က ရှဲသွားကြ၏။

" ချက်ချင်း ချထားလိုက်စမ်း!! "

လွှားခနဲရောက်လာသော တစ်ယောက်ကို ချင်းယွင် က လှည့်ကန်လိုက်သည်။ နောက်ထပ်နှစ်ယောက် ချက်ချင်းဝင်ပြီး ချင်းယွင်ကို ဝိုင်းတိုက်ခိုက်ကြလေသည်။

"ဝင်ရှုပ်ချင်တဲ့ကောင်ကို မှတ်လောက်သားလောက်အောင် လုပ်ပေးလိုက်ကြစမ်း"

နှလုံးသားထဲက ဒဏ္ဍာရီNơi câu chuyện tồn tại. Hãy khám phá bây giờ