Part-35

9.4K 907 23
                                    


ပြန်သည့်သူတွေပြန်ကြပြီဖြစ်ပေမယ့် အခန်းထဲတွင် စစ်သူကြီးနှင့် သေရည်အနည်းငယ် သောက်နေခဲ့မိသော အော်ခန်း သည် မူးနောက်နောက်ခံစားချက်ကြီး ဖြစ်လာသည်.။စစ်သူကြီးကတော့ ပြန်သွားခဲ့ပါပြီ..။  အော်ခန်းက စစ်သူကြီးနှင့် တိုင်ပင်စရာရှိ၍သာ အခန်းထဲတွင် စကားပြောနေမိခြင်းဖြစ်သည်..။မင်ထိုက် ကလည်း အမတ်တစ်ချို့နှင့် အပြင်တွင် စကားပြောနေပုံရသည်.။

လေပူတစ်ချက်မှုတ်ထုတ်ကာ အပေါ်ရုံ အင်္ကျီစကို ဆွဲဟပစ်လိုက်တော့ နည်းနည်းနေရသက်သာသလိုခံစားရသည်.။သို့သော် ချက်ချင်းပင် ပူလာပြန်၏။ ပူလောင်နေသည့် ခံစားချက်သည် တစ်ခုခုကို မွတ်မွတ်သိပ်သိပ်လိုချင်နေသလို ဖြစ်နေသည်.။

“သွားပြီ~~”

ယဲ့တဲ့တဲ့ အသိစိတ်လေးကြားမှ အော်ခန်း ခေါင်းထဲ အချက်ပေးသံတွေ မြည်ဟီးသွားသည်.။ ဆေးမည်သူ ခတ်သနည်း.??  စစ်သူကြီးနှင့် က တစ်ချိန်လုံးအတူသောက်နေသည်မို့ သူတော့ မဖြစ်နိုင်.။ ဦးရီးတော်ကျောက်ကလည်း နေမကောင်းဟုဆိုကာ ပွဲမတက်ပါ.။ သို့ပေမယ့် တခြားသူကိုခိုင်းလို့ရသည်ပဲ.။

“ကျွတ်~~~~”

သည်းမခံနိုင်သည့် ခံစားချက်သည် ချက်ချင်းပင် အခန်းထဲမှထွက်မည်ပြင်တော့ အခန်းတံခါးဝ ပွင့်သွားသည်.။

“ထွက်သွား!!! ”

ကတုန်ကယင်ဖြစ်နေသည့် အသံတို့ကို ထိန်းပြီးပြောလိုက်သော်ငြား အနှီ မိန်းမပျိုသည် ကနွဲ့ကလျဟန် ဖြင့် လှမ်းလျှောက်လာ သည်.။

“အိမ်ရှေ့စံမင်းသား ကျွန်မရဲ့ အကူအညီလိုသလား ဟင်..”

ထိုင်ခုံပေါ်တွင် ထိုင်ကာ စားပွဲပေါ် လက်သီးတင်းတင်းဆုပ်၍ အော်ခန်းသည် ချွေးစီးတို့ပြန်လျက် မောပန်းနေသည်။ အနားတွင်လာထိုင်ကာ ပွတ်သီးပွတ်သပ်လုပ်နေသည့် မိန်းမကို တွန်းထုတ်ချင်သော်လည်း စိတ်နောက်ကိုယ်က မလိုက်နိုင်ဖြစ်နေရသည်.။ ထိတွေ့မှုကို နှစ်ခြိုက်နေသလို.။

အော်ခန်း ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ နှုတ်ခမ်းနားသို့ ချဉ်းကပ်လာသော မိန်းကလေးကို အနီးကပ်မြင်ရစဉ် နှလုံးသားထဲက အချက်ပေးသံက မြည်သည်.။

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now