ချင်းဝမ် နဲ့ ချင်းယွင်တို့အိမ်မှာ ရက်အတန်ငယ်ကြာတော့ ရင်းနှီးလာကြသည်။ အော်ခန်း က သူ့ကို သခင်လေး အော်ခန်းလို့ မခေါ်ဖို့ပြောပေမယ့် ခေါ်နေတာကြာတော့ စွဲနေပြီဆိုပြီး ချင်းဝမ် ကတော့ သခင်လေး အော်ခန်းလို့သာဆက်ခေါ်ခဲ့သည်။ ချင်းယွင် က တော့ ခုချိန်ထိ အော်ခန်းကို ဟိုလူ ခင်ဗျား စတဲ့နာမ်စားပေါင်းစုံနဲ့။ အစကလောက် အမြင်မကြည်တော့တာမျိုး မဟုတ်ပေမယ့် ကြည်လာတယ်လည်း မဟုတ်။ ဒါကို အော်ခန်းက ဘာလို့ဆက်နေပြီး ဒေါသထွက်အောင်စနေတတ်မှန်း ရှောင်ဖူ လည်း မသိတော့။ သူ့ သခင်လေး စိတ်က တစ်ခါ တစ်ခါ မှန်းရခက်သည်လေ..။ခုလည်း ကြည့်ဦး..ချင်းယွင် ဆေးမြစ်ခူးတာကို လိုက်သွားမလို့တဲ့။ လာ၇င်းကိစ္စလည်း မှတ်မိသေးရဲ့လားမသိတော့ပါ။
“မလိုက်ခဲ့နဲ့လို့ပြောတာကို..”
“မင်းတစ်ယောက်တည်းဖြစ်မှာပေါ့. ချင်းဝမ် ကလည်းစောင့်ရှောက်ပေးပါဦးလို့သေချာမှာလိုက်တာ ကိုး.”
တောင်တက်နေရင်းနဲ့မှ ချင်းယွင် မျက်နှာမဲ့မိသည်။ မမ နဲ့ အဆင်ပြေအောင် သူ့ကို လိုက်ကပ်နေတာ မသိရင်ခက်မည်။ ရုပ်လေးကမှုန်နေအောင်ချောပေမယ့် ဘယ်ကလာလို့လာမှန်းသေချာလည်းမသိရတဲ့လူနဲ့ မမ ကိုတော့ သဘောမတူနိုင်ပါ။
“ဒီလမ်းတွေက ကျွန်တော်သွားနေကျပါ…စာသင်သွားစရာမလိုတိုင်း လာနေကျ..ဘာမှမဖြစ်ဘူး။ခင်ဗျားသာဂရုစိုက်!!! မိုးရွာထားတော့ ချော်နေတယ်။”
တုတ်တစ်ချောင်းနဲ့ရှေ့ကနေ သွားနေတာကို အော်ခန်းက ပလိုင်းလေးကျောမှာလွယ်ပြီးလိုက်လာ၏။ ဒီပလိုင်းတောင်း တောင် သယ်ပေးပါ့မယ်ဆိုပြီး မနည်းယူထားရတာ..သူ့လို ကိုယ်သေးသေးလေးနဲ့ ဒီပလိုင်းတောင်းကြီးနဲ့လေ..။
“ဒီတလော လူတွေခဏခဏပျောက်နေတယ်မလား။ အန္တရာယ်ရှိတာပေါ့.”
“ဟုတ်တယ်။ အထူးသဖြင့် မိန်းကလေးတွေ ဒါကြောင့် မမကို ဆေးမြစ်ခူးမထွက်ခိုင်းတာ။ ရဲမက်တွေက ရှာနေကြတာပဲ..သေချာစုံစမ်းမှုတွေမှ မလုပ်တာ လွီလုမြို့စားကလည်း ဖိဖိစီးစီးကိုင်တွယ်နေတာမဟုတ်ဘူးလေ။ ပျောက်တဲ့လူတွေက တစ်စတစ်စ သာတိုးလာတာ။ ဟား…. ဒီဘုရင်ရဲ့လက်အောက်မှာ ဒီလိုလူတွေပဲရှိမှာပေါ့”
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...