Part-13

12.2K 1.1K 2
                                    

" ချင်းဝမ် !! မိန်းကလေးချင်းဝမ် "

" သခင်လေးအော်ခန်း ဘာဖြစ်လို့-- ဟင် ချင်းယွင် မောင်လေး "

အော်ခန်း ပွေ့ချီထားသော ကောင်လေးက ရင်ဘတ်မှာ သွေးတွေစွန်းထင်းလျက် သတိမေ့နေသည်။

" မြန်မြန် !!! ဆေးခန်းတံခါး ဖွင့်ပေးဦးလေ"

မျက်ရည်တွေနှင့်ကြောင်ရပ်နေသော ချင်းဝမ်ကို သတိပေးလိုက်တော့မှ ကပျာကယာနှင့် အိတ်ထဲက သော့ကို ယူဖွင့်ပေးသည်။

" ချင်းယွင် သတိထားပါဦး-"

စိုးရိမ်တကြီးနှင့် စကားပြောနေရင်းမှ ချင်းယွင်ကို ခုတင်ပေါ် ညင်ညင်သာသာ တင်ပေးလိုက်သည်။

" သွေးတိတ်အောင်လို့တော့ ကျွန်တော့် ဝတ်ရုံစနဲ့ ချည်ထားပေးလိုက်တယ်။ ချင်းဝမ် မြန်မြန် ကြည့်ပေးပါဦး"

" အင်း အင်း -- ဒဏ်ရာကို အရင်ကြည့်ရမယ် ရေနွေး ရေနွေး လည်း လိုတယ်"

"ကျွန်တော် လုပ်မယ် ကျွန်တော်"

နောက်ကအပြေးလိုက်လာပုံရသော ရှောင်ဖူ က အသိလာပေးပြီး မီးဖိုချောင်ဘက်ပြန်ပြေးသွားသည်။ လက်ဆပြင်းပြင်းနှင့်ပစ်လိုက်တာမို့ ရင်ညွန့်ကို စူးစူးနင့်နင့် ထိုးစိုက်သွားခဲ့တာ။ ချင်းယွင် ၏ဖြူဖျော့နေ သော ပုံစံလေးကိုကြည့်ပြီး အော်ခန်း မျက်နှာ ပြိုတော့မည့် မိုးလို ဖြစ်နေသည်။ ဒဏ်ရာကို အားလုံးဆေးကြောသန့်စင်ကုသပြီးချိန်မှ အားလုံး သက်ပြင်းချနိုင်၏။ ရှောင်ဖူ က ဆေးကျိုဖို့ ပြန်ထွက်သွား သောကြောင့် ခု အော်ခန်းနှင့် ချင်းဝမ် သာကျန်သည်။

ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တော့ သူမကြောင့်ဖြစ်ရတာဆိုကာ ချင်းဝမ် က ငိုနေ၍ နှစ်သိမ့်ရ သေးသည်။

" ချင်းဝမ် ကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်ကို ကာကွယ်ပေးရင်းနဲ့ သူ ဖြစ်ရတာ ကျွန်တော်ကြောင့်ပါ။ ဒါပေမယ့် ကျွန်တော် မရှင်းတာလေး တစ်ခုရှိလို့ မေးချင်တယ်။ ဒီတိုင်းတွေးကြည့်ရင် လုံထင်က မိန်းကလေးဖြစ်တဲ့ ချင်းဝမ် ကိုပဲ ဖမ်းရမှာပေါ့။ဘာဖြစ်လို့ ချင်းယွင်ကို ဖမ်းရတာလဲ "

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now