ခေါင်းထဲက မူးဝေထုံထိုင်းခြင်းနှင့်အတူ ချင်းယွင် သတိရလာသည်။ ရုတ်တရက် မှောင်မည်းနေသော နေရာကို မျက်စိကျင့်သားရအောင် သတိထားကြည့်မိပြီးမှ လှည်းတစ်ခုပေါ်ရောက်နေမှန်းသတိထားမိသည်။ သူက ပိတ်စ အထုပ်တွေကြား ရောက်နေတာလား??? အလုံပိတ်ထားသော လှည်းအတွင်းကိုပြင်ပက လရောင်တစ်စွန်းတစ်စနဲ့သာ မြင်ရသည်မို့ သိပ်တော့မသေချာပဲ လက်နှင့်စမ်းသပ်ကြည့်လိုက်၏. လှည်းပေါက်ကြားထဲကနေ လေ၀င်နေလို့တော်သေးလို့ အသက်ရှုရတာ။ တမင်များလေ၀င်ပေါက်တွေဖောက်ထားသလားလည်း ထင်ရသည်ပဲ။ ပြီးတော့ လှည်းက လည်းရွေ့လျားနေသည်။ရွေ့လျားနေသောလှည်းတန်းကိုဦးဆောင်လာသော လုံထင်သည် အသင့်ဖွင့်ထားနေကျ မြို့တံခါးက ခုထိပိတ်လျက်သားမို့ စိတ်တိုသွားသည်။
“ခုချိန်ထိတံခါး မဖွင့်သေးဘဲ ဘာလုပ်နေတာလဲ တံခါးမှူးရာထူးကနေ ပြုတ်သွားချင်တာလား ”
လုံထင်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို သိသော တပည့်က အရင်လှမ်းဟောက်လိုက်သည်။ တံခါးစောင့်ရဲမက်နှစ်ယောက်နားက တံခါးမှူးက ဘာလုပ်ရမှန်းမသိသည့်မျက်နှာထားနှင့်အတူ ..ဘေးကဂိတ်ထဲကနေ ထွက်လာတာက မင်းသားမင်ထိုက်…။လုံထင် မြင်းပေါ်ကနေ အမြန်ဆင်းကာ ဂါရ၀ ပြုလိုက်သည်။
“မင်းသားကိုဂါရ၀ ပြုပါတယ်။ မင်းသားက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာပါလဲ.”
“ထပါ..ကျွန်တော်က ကုန်ပို့မယ့်နေ့ဆိုတော့ တစ်ချက်ကြည့်ချင်လို့ပါ။ ဒီတစ်ခေါက် ဘာကုန်တွေပါတာလဲ..”
“ပိုးပိတ်စတွေ ဒေသထွက်ပစ္စည်းတွေနဲ့ နယ်စပ်မှာရောင်းမယ့်တခြားလိုအပ်တာလေးတွေပါ မင်းသား။”
မင်ထိုက် က ခေါင်းတညိတ်ညိတ်နှင့် ရှေ့ဆုံးလှည်းတန်းနားလျှောက်လာသည်။ နောက်ကနေ ကိုယ်ရံတော် ထန်းပေါင်က ထပ်ချပ်မကွာ။ တခြားဘယ်သူမျှ မပါဘဲ မင်းသား မင်ထိုက်က ဒီနေရာ ဘာလာလုပ်တာလဲ။
“အားလုံးစစ်ဆေးထားပြီးသားပါ မင်းသား။ နောက်ကျမှာစိုးတာမို့ ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး..”

YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...