ဟွမ်မင်နန်းတော်ညီလာခံ…..
ညီလာခံတွင် လတ်တလော၌ မင်းကြီးသည် နားထောင်နေသူဖြစ်ပြီး ငြင်းခုန်နေခြင်းမရှိဘဲ အေးဆေးစွာစစ်အေးတိုက်ပွဲ ဆင်နေရသူက ဦးရီးတော်ကျောက်နှင့် မင်းသားမင်ထိုက်…။ နယ်စပ်ကုန်သွယ်ရေးသည် နယ်စပ်ကုန်သွယ်ဌာနအောက်တွင်သာ ရှိသင့်ပြီး မင်းညီမင်းသားတို့ ၀င်ရောက်စွက်ဖက်ခွင့် ရှိမရှိဟူသော အကြောင်းသည် နာမည်ကြီးသွားပါသော လွီလုမြို့၏ ကိစ္စကြောင့် သာဖြစ်သည်။“ဒီလိုသာဆိုရင် ကုန်သွယ်ဌာနရဲ့ အာဏာကဘာမှ သက်ရောက်ခြင်းရှိတော့မှာ မဟုတ်တော့ပါဘူး မင်းသား..။ တော်ဝင်မိသားစုက စေခိုင်းလို့ စစ်ဆေးခွင့်ရတယ် စွက်ဖက်ခွင့်ရတယ်ဆိုတာနဲ့ တိုင်းပြည်ရဲ့ အုပ်ချူပ်ရေးစနစ်ကိုထိခိုက်စေပါတယ်။”
“ဒါပေမယ့် ဒီလို စစ်ဆေးခွင့်ရ လို့လည်း ရောင်းစားခံရတော့မယ့် မိန်းကလေး များစွာကို ကယ်တင်ခွင့်ရခဲ့တာပါ ဦးရီးတော်။”
“ဒီအတွက် များစွာ ၀မ်းသာရပေမယ့် တရားဝင်ခွင့်ပြုမိန့်တော့ မထုတ်ပြန်သင့်ပါဘူး မင်းသား…”
ကိစ္စကို သဘောတူသူများရှိသလို ကုန်သွယ်ဌာနမှ သဘောမတူသူများ တခြားမှူးမတ်များလည်းရှိနေသည်။ သို့ပေမယ့် ဒီတိုင်းပြီးသွား၍တော့မဖြစ်.။တစ်ခုတော့ အတည်ပြုဆုံးဖြတ်ရမည်သာ။
“အိမ်ရှေ့စံမင်းသား ညီလာခံဝင်ခွင့်တောင်းပါတယ် မင်းကြီး.”
သတင်းပို့လာသော ရဲမက်အသံနှင့်အတူ ညီလာခံထဲသို့ ၀င်ရောက်လာသည်က ဟွမ်မင်ပြည်၏ အိမ်ရှေ့စံ ဟွမ်မင်အော်ခန်း..။ တောက်ပြောင်တန်ဖိုးကြီးသော မိုးပြာရောင် ဖဲဝတ်စုံနှင့် ခါးက အိမ်ရှေ့စံမင်းသားတံဆိပ်ကျောက်စိမ်းပြားလေး ချိတ်ဆွဲကာ တစ်လှမ်းချင်း လှမ်းလာပုံက အတိုင်းအတိုင်းအပြည်ပြည်၏ ဧကရာဇ်တစ်ပါးကဲ့သို့.။
မင်ထိုက် သဘောကျစွာပြုံးမိသည်။ အော်ခန်းသည် ပုံစံသွင်ပြင်ကိုက လူတွေကို ရှိန်စေကာလေးစားသက်ဝင်စေသည်။
“သားတော်..ခမည်းတော်ကို ဂါရ၀ပြုပါတယ်။”
“ထပါ..”
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...