Part-24

8.9K 856 5
                                    

"အစ်ကိုထိုက် ညီလာခံခန်းမမှာပဲ စောင့်နေလိုက်ပါ.လောလောဆယ် ကျွန်တော်ပဲ အရင်ဝင်သွားလိုက်ပါ့မယ်. ခမည်းတော် စိတ်က အခန့်မသင့်ရင် အစ်ကို့ကို မထိခိုက်စေချင်ဘူး ."

ထပ်အထွန့်တက်စရာမရှိအောင် မျက်လုံးချင်းဆုံ ကြည့်၍ အလေးအနက်ပြောလာခဲ့သော အော်ခန်း ကြောင့် မင်ထိုက် သည် ညီလာခံခန်းမတွင် စောင့်ဆိုင်းရုံသာ။ အော်ခန်း ကတော့ ညီလာခံမစခင် မနက်စောစောမှာပင် ခမည်းတော်၏ စားပွဲတော်တည်သည့် အဆောင်သို့ လာခဲ့လိုက်သည်။ ရှောင်ဖူ လည်း ထပ်ချပ်မကွာ လိုက်လာကာ တံခါးးဝ နားတွင် ရပ်စောင့်နေ လိုက်သည်။

"သားတော် ခမည်းတော်ကို ဂါရ၀ ပြုပါတယ်."

"အင်း..မနက်စာ စားပြီးပြီလား?? မစားရသေးရင် တစ်ခါတည်းစား."

"စားပြီးပါပြီ ခမည်းတော်..သားတော် ညီလာခံမစခင် အရင်လျှောက်တင်စရာလေးရှိလို့ပါ."

"ပြောပါ."

"သားတော်ကို ထုံချမ်းနယ်စားကိစ္စပြန်လည်စုံစမ်းခွင့်ပေးပါ.။ခမည်းတော်."

"ချွမ်း.."

စားလက်စ တူကို ကျောက်စားပွဲပေါ် ဆောင့်ချလိုက်ပုံကကျယ်လောင်လှသည်မို့ အနားရှိ အပျိုတော်များနှင့်အထိန်းတော်များသည် မင်းကြီး ဒေါသကို လန့်သွားကြရသည်။

"အိမ်ရှေ့စံ.."

"ဟုတ်ကဲ့ ခမည်းတော်"

"ဒီလောက်တောင် လုပ်စရာတွေ မရှိလို့ လွန်ခဲ့တဲ့ ကိစ္စကို အစဖော်ချင်နေလား.။"

"မတရားမှုပါ ခမည်းတော်.။ သားတော် စစ်ဆေးပါရစေ.. အနည်းဆုံး နန်းတွင်းသက်သေထိန်းသိမ်းရေး ဌာနကိုပဲ ကြည့်ခွင့်ပေးပါ.။"

"အတင့်ရဲလိုက်တာ..!!!!!!"

"မင်းကြီး စိတ်လျှော့တော်မူပါ.!!"

အထိန်းတော်တို့သည် ဒူးထောက်ကာပြာပြာသလဲဖြစ်ကုန်ကြသည်။ အော်ခန်းကတော့ ထိုင်ခုံမှာခပ်တည်တည်ထိုင်လျက်.။

"စစ်ဆေးမှဖြစ်ပါမယ်. ဦးရီးတော် ၄ အတွက် မတရားသေဆုံးခဲ့ရတာကို တရားခံအစစ်ရှာပေးရမှာဖြစ်သလို ထုံချမ်းနယ်စားမင်းရဲ့ ဖြူစင်မှုကိုလည်းရှာဖွေပေးရပါ့မယ် ခမည်းတော်..။ ခွင့်ပြုပေးရုံလေး ခွင့်ပြုပေးရုံလေးပါ.။"

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now