Part-22

9.1K 869 0
                                    

ဖြောင်းခနဲမြည်အောင်လက်ပြန်လွှဲရိုက်သံနှင့်အတူ လူတစ်ယောက် အောက်ကိုပုံကျသွားသည်။သို့သော် ထိုလူက ချက်ချင်းပင် ဒူးပြန်ထောက်ကာ--

“တောင်းပန်ပါတယ် သခင်ကြီး သေသင့်ပါတယ်. ။ ဒါပေမယ့် မင်းသားတွေရဲ့ သိုင်းပညာက မထင်မှတ်ထားလောက်အောင်တိုးတက်နေတာပါ. ”

“အဲ့ဒါနဲ့ပဲ သွားတဲ့လူများကြီးက ဒီလူလောက်လေးတောင် မရှင်းပစ်နိုင်ခဲ့ဘူးပေါ့.။ ပြီးတော့-- ရှင်းစေချင်တာက တစ်ယောက်.ဒဏ်ရာ ရ သွားတော့ တစ်ယောက်တဲ့လား။ အဟား ဟား…ဟွမ်မင်အော်ခန်း ကာကွယ်ပေးမယ့်သူတွေပေါနေတယ်ပေါ့.”

နောက်ကျောပေးရပ်နေသူသည် ဒီဘက်လှည့်လာလေတော့ ဦးရီးတော် ကျောက်၏ ခက်ထန်သော မျက်နှာအသွင်အပြင်ရှိလေသည်။

“တစ်ခါတည်းလက်စဖျောက်ခိုင်းတာသေကံမေ၇ာက်ရှာဘူး။။ဒါနဲ့ နေစမ်းပါဦး သူတို့က မြို့စွန်ကို ဘာသွားလုပ်တာလဲ.။”

“ပြောမလို့ အဓိကကိစ္စကလည်း အဲ့ဒါပါ သခင်ကြီး.။  အိမ်ရှေ့စံမင်းသားက အရင်ဦးရီးတော် ၄ ရဲ့ အထိန်းတော်ကြီးအိမ်ကို သွားခဲ့တာပါ. အထိန်းတော်ကိုခြိမ်းခြောက်မေးကြည့်တော့ လွန်ခဲ့တဲ့သုံးနှစ်က ထုံချမ်းက ကိစ္စအကြောင်းလာမေးတာလို့ သိရပါတယ်.”

“ဘာ!!!!!!!”

ဦးရီးတော် ကျောက်၏ ခေါင်းထဲတွင် အတွေးတို့ကူးလူးသွားသည်။ အိမ်ရှေ့စံတို့မရှိခင်ကဖြစ်သွားခဲ့သော ဦးရီးတော် ၄ သေဆုံးမှုက အဖြေပေါ်နေပြီးသားကို အဘယ်ကြောင့် ထပ်မံစုံစမ်းရသနည်း။ ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတွေမြည်သွား ခြင်းနှင့်အတူ..

“မသင်္ကာ စရာကောင်းတယ်.။ စောင့်ကြည့်ထား.။ပြီးတော့ ကျိုကျီ ရော နေရာကောင်းကောင်းမှာရှိနေရဲ့လား။”

“ဟုတ်ကဲ့ တပ်မှူးကျို နယ်မှာ အေးဆေးရှိနေပါတယ်.”

ရှေ့က မျက်နှာဖုံးစွပ်နှင့် လူကို ပြန်လွှတ်လိုက်ပြီးမှ ဦးရီးတော် ကျောက် ထိုင်ခုံမှာ အသာထိုင်လိုက်သည်။ ပြီးမှ ပြန်ထပြန်ကာ နံရံထောင့် က ပန်းအိုးကြီးထဲတွင်လက်နှိုက်၍ ဟန် ဟု တံဆိပ်နှိပ်ထားသောစာလိပ်တစ်ခုထုတ်ကာကြည့်လိုက်သည်။  ခပ်ရေးရေး ပြုံးလိုက်သည်။

နှလုံးသားထဲက ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora