မြင်းကိုယ်စီ နှင့် အော်ခန်း ရယ် ရှောင်ဖူရယ် မြို့ပြင်လမ်းလေးအတိုင်းဖြည်းဖြည်းချင်းစီးနှင်လာခဲ့သည်.။ဘယ်သွားမယ်လဲ မပြော.။ထွက်လာသည့် အော်ခန်း နောက် ရှောင်ဖူ က အသာတကြည်သာလိုက်ပါရသည်.။
“ဒါနဲ့ သခင်လေး.. ချင်းယွင်တို့က ထုံချမ်းကို ခဏပြန်သွားတယ်ဆိုပေမယ့်ရက်နည်းနည်းတော့ကြာနေပြီနော်.။မလိုက်သွားတော့ဘူးလား”
“အင်း.။ သူတို့ ကိုယ်ပိုင်လွတ်လပ်ချိန်လေးရှိစေချင်လို့ပါ.။ ကိုယ်ရံတော်တွေတော့ တိတ်တဆိတ်စောင့်ရှောက်ပေးဖို့ ထည့်ပေးလိုက်တယ်. ထုံချမ်းနယ်စားမင်း ပြစ်မှုကင်းရှင်းကြောင်းကြေငြာပြီး အိမ်တောလည်း ပြန်ချီးမြှင့်ပေးထားတယ်။ ပြီးတော့--”
နောက်ဆုံးတူတူနေခဲ့သည့် တစ်ညကလွဲ၍ ချင်းယွင်ကို သူ မတွေ့ရသေးပါ.။အိမ်တော်ကို သွားလိုက်တိုင်း ဖြတ်ခနဲတွေ့လိုက်လို့ ကြည့်မိရင်တောင် ချင်းယွင် က မရှိတော့.။ဆေးခန်းကိုသွားလျှင် မရှိ.။ အိမ်တော်မှာ ရှိနေရဲ့သားနဲ့ ထုံချမ်းမသွားခင်အထိ သူ့ကို ရှောင်နေသည်မှာ သိသာလွန်းနေသည်ပဲ.။ထုံချမ်း သွားမည့်ကိစ္စတောင် ချင်းဝမ်က မင်ထိုက်ကို ပြော၍ သူ သိရခြင်းသာ..။
ဘာတွေ ကြံစည်နေပါလိမ့် ယွင်ရယ်..
အကြောင်းပြချက်မရှိ ရင်ထဲလည်းပူလောင်မောနေမိသည်.။
“ပြီးတော့ ဘာဖြစ်လဲ သခင်လေး.”
“ဘာမှ မဟုတ်ပါဘူး..မြန်မြန်သွားမယ်”
ပြောပြီးပြီးချင်း ရှေ့ကနေ ဒုန်းစိုင်းစီးလေတော့ ရှောင်ဖူလည်း အမြန်လိုက်ရတော့သည်.။
ရောက်လာသည်က အော်ခန်း သက်သက်ဝယ်ထားသည့် မြို့ပြင်က ခြံဝန်းကျယ်နှင့် အိမ်တော်.။အိမ်တော်ထိန်းကတော့ အော်ခန်းကို မင်းသားမှန်းလည်းမသိ.။သူဌေးသား တစ်ယောက်လို့သာ မှတ်ထင်ထားသည်.။ ခန်းမတစ်ခုကို ဦးတည်သွားနေသည့် အော်ခန်း နောက်လိုက်ရင်း တံခါးဝက အနီရောင်စက္ကူတို့ကို သတိထားမိသည်.။
“သခင်လေး..တစ်ယောက်ယောက်ရဲ့ မင်္ဂလာဆောင်များ ???”
“ဘေးအခန်းထဲ ၀င်ပြီး အင်္ကျီလဲလိုက်!!”

YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...