“ချင်းယွင် မောင်လေး.!!”
“မမ ~~”
ချင်းယွင် အခန်းထဲတွင် မောင်နှမ နှစ်ယောက်ဖက်ကာ ငိုကြွေးမိကြသည်.။နောက်ဆုံးတော့ သုံးနှစ်တာ အထင်မှားမှုများ ပိုင်အိမ်တော်၏ ပျက်စီးခဲ့မှုများသည် ထင်ရှားစွာ ပေါ်လွင်လာခဲ့သည်..။ကျောက်အိမ်တော်သည်လည်း နေ့ချင်းဆိုသလို ဖမ်းဆီးထိန်းချူပ်မှုများ ချက်ချင်းလုပ်ဆောင်ခံရပြီး ဦးရီးတော်ကျောက် ကတော့ ထွက်ပြေးတိမ်းရှောင်နေလေ၏။
“နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ..ဖေဖေ က စိတ်ချမ်းသာနေမှာပါ..အဟင့်.~~~ အမဲစက်ကြီး ဖယ်နိုင်ခဲ့ပြီ.ဟင့်..အားလုံး မင်းသားတွေရဲ့ ကျေးဇူးကြောင့်ပါ..”
ချင်းဝမ်ကို ပွေ့ပိုက်ထားရင်း ချင်းယွင် လည်း မျက်ရည်တွေ တသောသောကျနေမိသည်.။ဟုတ်ပါသည်.။ မင်းသားတွေ၏ ကြိုးပမ်းအားထုတ်ပေးမှု အနစ်နာခံပေးမှုတို့ကြောင့် အဖြစ်မှန်တွေပေါ်လာခဲ့ခြင်းပင်ဖြစ်သည်.။
“ချင်းဝမ် ~~”
“မင်ထိုက် !!”
ဖွင့်ထားသော တံခါးမှ ၀င်လာသူ မင်ထိုက်ကြောင့် နှစ်ယောက်သား မျက်ရည်သုတ်လိုက်ကြသည်.။မင်ထိုက် က ထိုနေရာတွင် ရပ်နေသည်။
“၀င်လာလေ.”
“ဟို ကျွန်တော် ချင်းဝမ် နဲ့ ခဏလောက် စကား -ပြောချင်လို့”
မောင်ဖြစ်သူရှေ့ အမကို ခေါ်ထုတ်ရသည်က အနည်းငယ်တော့ မျက်နှာပူလေစွ.။ ချင်းယွင်ကတော့ အလိုက်သတိပင် လိုက်သွားလိုက်လေ. ဟု ချင်းဝမ်ကို ပြောလာသည်.။
မင်ထိုက်နှင့် ချင်းဝမ်တို့ ခြံဝန်းထဲကဥယျာဉ်တော်ထဲ ကို လာခဲ့ကြသည်.။ဥယျာဉ်တော်ထဲ သေချာရောက်တော့ မင်ထိုက် က ရုတ်တရက်ဆိုသလို ချင်းဝမ်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်သည်.။ ချင်းဝမ် လည်း သူ့ရင်ခွင်ထဲ အသာမှေးစက်မိသည်..။ မည်သည့်စကားကိုမျှ မဆိုဖြစ်.။ ခဏလောက်တော့ ဒီအတိုင်းလေး နေမိကြ၏။
“အားလုံး အဆင်ပြေသွားကြပြီ ချင်းဝမ်.ကျွန်တော်တို့တွေ စိတ်အေးနိုင်ပါပြီ.။”
ချင်းဝမ် သူ့ရင်ခွင်ထဲကနေ ခေါင်းတဆတ်ဆတ်ညိမ့်ပြသည်.။ပြီးတော့ ရင်ခွင်ထဲကနေ ခေါင်းမော့လာကာ--

BẠN ĐANG ĐỌC
နှလုံးသားထဲက ဒဏ္ဍာရီ
Tiểu thuyết Lịch sửBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...