Part-28

8.4K 846 7
                                    

ကြိမ်ဒဏ်ခံထားရသည့်အပြင် အေးစက်နေသော လိန်နန်းဆောင်ကြောင့် အော်ခန်း သည် ကုတင်ပေါ်တွင်ဖြူဖျော့လျက် သတိလစ်နေသည်.။ အော်ခန်း၏ ဖြစ်အင်ကိုကြည့်ကာ တရှုံ့ရှုံ့ငိုနေလေသော ရှောင်ဖူ ကိုပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်ချင်ပေမယ့် ထန်းပေါင် အဖြစ်ကလည်း သက်ဆိုင်သူမဟုတ်ပြန်သေးတော့..ငေးကြည့်၇ုံသာ..။

"တော်သေးလို့ မင်းကြီး က ခွင့်လွှတ်ပေးလိုက်တာ..ရက်နည်းနည်းကြာရင် အိမ်ရှေ့စံမင်းသား သည်းခံနိုင်မှာ မဟုတ်တော့ဘူး.."

"ဒါပေါ့ ကြိမ်ဒဏ် ၁၀၀ လေ.ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ.. အီး ဟင့် မင်း ဆို ရော သည်းခံနိုင်မှာ မို့လား.."

ကုတင်ဘေးနား ထိုင်ကာ ငိုနေရင်း ကလှမ်းရန်တွေ့နေသည်မို့ ထန်းပေါင် ခပ်ဖွဖွ ပြုံးမိသည်။ ထို့နောက် ကုတင်နား လှမ်းလာကာ ထိုင်ခုံပေါ်က သူ့ကို သိုင်းဖက်ပစ်လိုက်သည်။

"လျန်း ထန်း ပေါင် ဘာလုပ်တာလဲ..။လွှတ်စမ်း.!!!!"

"တကယ်လို့အိမ်ရှေ့စံမင်းသား အစား ငါ အရိုက်ခံရမယ်ဆိုရင် မင်း ကျေနပ်နိုင်မှာလား."

တိုးသိပ်ညင်သာသော ထန်းပေါင်အသံကြောင့် ရှောင်ဖူ ငြိမ်သက်သွားမိသည်.။ အကယ်၍ ထန်းပေါင်ဖြစ်နေလျှင် ရှောင်ဖူ၏ နာကျင်ခံစားရမှု က နှစ်ဆတိုးမည်ကို ကိုယ့်ဘာသာသိသည်..။

"ဒီနှစ်တွေအတွင်းမှာ ပထမဆုံး မင်း ကိုပွေ့ဖက်ခွင့်ရခြင်းပဲ.."

မရုန်းမိပါ..။ အချိန်အတော်ကြာလွမ်းဆွတ်မှုတွေကို ခဏပဲဖြစ်ဖြစ် ပြေပါစေလေ...။ နှစ်ယောက်လုံး ၏ မျက်ဝန်းတွင် မျက်ရည်စတွေ်လည်း ခိုတွဲလျက်.။

"အဟွတ်--ဟွတ်.."

"သခင်လေး.. သတိရလာပြီလား.."

ခပ်အုပ်အုပ်ထွက်လာသော ချောင်းဆိုးသံကြောင့် ထန်းပေါင်လည်း ယောင်ယမ်းပြီး ဖက်ထားသည်ကိုဖယ်လိုက်သည်။ ရှောင်ဖူ က အော်ခန်း ထိုင်လို့ရစေရန် တွဲပြီးထူမတ်ပေးသည်။

"ငါ့အနားလာပြီး--ဘာ--လုပ်နေကြတာလဲ..."

"ဘာ--ဘာမှမလုပ်ပါဘူး.. သြော် ထန်းပေါင် ..သခင်လေးမင်ထိုက်ကို အကြောင်းကြားလိုက်ဦးလေ..သူ ဘယ်မှာလဲ.."

နှလုံးသားထဲက ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora