အော်ခန်း ခြေလက်ညောင်းညာဆန့်ကာ နိုးလာလေတော့ တစ်ညလုံး ရင်ခွင်ထဲထည့်ထားခဲ့သည့် နှလုံးသားငယ်က မရှိလေတော့.။ ချက်ချင်းရင်ထိတ်သွားရကာ လူးလဲထလိုက်မိသည်.။ပွေ့ဖက်မိခဲ့သမျှ အိပ်မက်အဖြစ်ပျောက်ကွယ်မှာစိုးလွန်းလှ၏။
တံခါးရုတ်တရက်ပွင့်ကာ ၀င်လာသူကလည်း မျှော်နေမိသူမဟုတ်.။ ရှောင်ဖူက ရေဇလုံလေး ကိုင်လျက် ၀င်လာလေသည်.။
“သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်. အိပ်လို့ပျော်ပါရဲ့လား.”
ရှောင်ဖူ က ဇလုံကို စားပွဲပေါ်တင်ကာ ပြုံးပြောသည်အထိ အော်ခန်း ကုတင်ပေါ် ထိုင်နေရာက မလှုပ်မိသေးပါ.။ ပြီးမှ အသိဝင်လာသလို ချက်ချင်းဖိနပ်ကောက်စွပ်၏။
“သခင်လေး ဘယ်သွားမလို့လဲ. မျက်နှာသစ်ရဦးမယ်လေ.”
“ယွင် ရော.. ငါ့ရဲ့ယွင် ??”
“မနက်အစောကမှ ပြန်သွားတာပါ.သခင်လေးရဲ့.။ ခဏလောက်တော့ ဒီတိုင်းလွှတ်ထားပေးလိုက်ပါလား။ သူလည်း ရှက်နေမှာပေါ့ သခင်လေး ကတည်းတကယ်ပါပဲ.။ ”
ရှောင်ဖူက ညည်းညည်းညူညူပြောတော့ အော်ခန်း တောင့်ခနဲတော့ဖြစ်သွားသည်.။ ရှောင်ဖူကို မျက်မှောင်ကြုံ့ကြည့်မိကာ..
“ဘာ--ဘာကို ရှက်ရမှာလဲ”
“မနေ့ကဘာဖြစ်ခဲ့လဲ မသိဘူးထင်လို့လား.။ ကျွန်တော် အခန်းနားလာတော့ အီး---မသိဘူး မသိတော့ဘူး..ချင်းယွင် မျက်နှာ ဒီမနက်ထိတောင်ရဲနေတာပဲ. ”
မည်သို့ပင်ဆိုစေကာမူ ရှောင်ဖူက ထိုသို့ပြောလာတော့လည်း အော်ခန်း မျက်နှာပူကာရဲတက်သွားရသည်.။ တော်သေးတာပေါ့ အိပ်မက်မဟုတ်ဘဲ ချစ်သူကိုပိုင်ဆိုင်ခွင့်ရလို့.။
“သခင်လေး မျက်နှာသစ်လို့ရပါပြီ.”
“ပြောထားနော် ကျန်းရှောင်ဖူ ။ မင်း အလှည့်ကျမှ မျက်နှာတောင်မဖော်ရဲအောင် လုပ်မယ်. ယွင့်ကို မင်း ဘာပြောလိုက်သေးလဲ.”
အော်ခန်း က စားပွဲနားလာကာ ရေညစ်ထားသော မျက်နှာသုတ်ပ၀ါလေးဖြင့် မျက်နှာသုတ်နေသည်.။ ရှောင်ဖူ မျက်နှာလေးက ပိုလိုက်တာ ဆိုသည့် ပုံစံဖြင့် ရှိနေသည်..။
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...