Part-15

12.2K 1K 4
                                    


လွီလုရုံးတော်အတွင်းတရားစစ်ဆေးခွင်တွင် ထိုင်နေသူက လွီလုနယ်စားမင်း...။ အများပြည်သူများလည်း လာေ၇ာက်နားထောင် ကြသည့် တရားခွင်တွင်ဖြစ်သောကြောင့် ရုံးတော်ဘေးအကွယ် အများမမြင်နိုင်သည့်နေရာတွင် မင်းသားမင်ထိုက်နှင့် အိမ်ရှေ့စံ မင်းသား အော်ခန်း ရှိနေသည်။ နယ်စားမင်းက အကွယ်နားက မင်းသားတွေကို တစ်ချက်ဂါရ၀ပြုလိုက်ရင်း တရားခွင်ကို စတင်လိုက် သည်။ ဒူးထောက်လျက်၇ှိသော အပြစ်သား လုံထင်သည် ရနိုင်သလောက်ငြင်းပယ်ကာ အိမ်ရှေ့စံကိုလုပ်ကြံသည့် သေဆုံးသူ ထံ အပြစ်ပုံ၏။

“ကောင်းပြီ..။ ဒါဆို ငါ တစ်ခုမေးမယ်။ ဟိုတစ်ရက်က တောစပ်မှာ လူသေမှု ရှိလို့ မင်းတို့ရုံးတော်က လူတွေ သွားသယ်ခဲ့ကြသေးတယ်မလား?? လျှာကိုက်သေတဲ့ တစ်ယောက်လေ..ဟုတ်လား မြို့စားမင်း”

“ဟုတ်-ဟုတ်ပါတယ်။”

နယ်စားမင်းဘေးတွင် ကုပ်ကုပ်လေးရပ်နေသော မြို့စားမင်းက ခပ်ရွံ့ရွံ့ဖြေသည်။ သူ့ခမျာ မင်းသားမင်ထိုက်နှင့်တင် တုန်လှုပ်ကြောက်မိသည်ကို ခုတော့ ဘေးမှာ အိမ်ရှေ့စံမင်းသားပါ ရှိနေသည်ဟူသောအသိက ဒူးတောင်မခိုင်ချင်ဖြစ်ရသည်။

“မင်းရဲ့အလုပ်တွေကိုတားဆီးနှောင့်ယှက်နေတဲ့ သခင်လေး အော်ခန်းကို ဘယ်သူမှန်းမသိခင်ကတည်းက လုပ်ကြံဖို့ခိုင်းခဲ့တယ်မလား လုံထင် ???”

“ဗျာ..စွပ်စွဲခံရတာပါ..လူကြီးမင်း ..”

“တိတ်စမ်း!!!! မင်း လွှတ်လိုက်တဲ့ ကျန်တဲ့လူတွေ ဘယ်ရောက်သွားလဲ မသိချင်ဘူးလား.”

လုံထင် မျက်လုံးတွေ တော်တော်ပြူးကျယ်သွားသည်ထင်သည်။ သေတဲ့လူမြင်တော့ စိတ်ချသွားရကာ ကျန်တဲ့လူတွေကို အစရှာမရ တာမို့ အဝေးထွက်ပြေးသွားပြီထင်ကာ စိတ်အေးခဲ့ရခြင်းသည်-----

“သက်သေတွေ ခေါ်ခဲ့ကြ!!”

ရဲမက်တွေသည် လူ နှစ်ယောက်ကို တရားခွင်ရှေ့ ပို့လာသည်။ နှစ်ယောက်ထဲမှ တစ်ယောက်သည် လုံထင်ကို ကြောက်ရွံ့အားနာသော မျက်လုံးများဖြင့် ကြည့်သည်။

“တောင်း---တောင်းပန်ပါတယ် အစ်ကိုကြီး..။ ကျွန်တော် အမှန်အတိုင်းပဲပြောပါ့ရစေ..”

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now