ဟွမ်မင် နန်းတော်
ကိုယ်ရံတော်က ကြိုတင်အကြောင်းကြားထားပြီးပြီမို့ စာကြည့်ဆောင်ထဲ တန်းတန်းမတ်မတ်ပဲ ၀င်လာခဲ့လိုက်သည်။“ဂါရ၀ ပြုပါတယ် ခမည်းတော်.သားတော်ရောက်ပါပြီ”
“အေး…ခမည်းတော် ခေါ်လိုက်ရတာအကြောင်းရှိတယ် သားတော်..”
မင်းကြီး ကကြည့်လက်စ စာချွန်တွေကို ပိတ်လိုက်ပြီး မျက်စိရှေ့က မင်းသားမင်ထိုက် ကို အာရုံစိုက်လိုက်သည်။အရင်ဆုံး ထိုင်ခုံမှာထိုင်စေလိုက်ပြီးမှ…
“သားတော် လွီလုကိုသွားရလိမ့်မယ်..အဲ့မှာ လူပျောက်တဲ့ကိစ္စတွေဆက်တိုက်ဖြစ်နေပြီး ခုထိ မစုံစမ်းနိုင်သေးဘူးဖြစ်နေတယ်.။အဲ့ဒါကို သားတော် တာဝန်ယူပါ။”
“အမိန့်တော်အတိုင်းပါ။ ဒါပေမယ့် သားတော် တစ်ခုသိချင်တာ.အဲ့ကိစ္စသက်သက်အတွက် ခမည်းတော် စေလွှတ်တယ်လို့မထင်မိပါဘူး။”
မင်းကြီး က မင်ထိုက်ကို ပြုံးပြီးကြည့်လာသည်။ တကယ်ပဲ မင်ထိုက် က သူ့စိတ်ကိုကောင်းကောင်းနားလည်နိုင်သည်ပဲ။
“အင်း အရေးကြီးတဲ့ကိစ္စကလည်း သက်သက်ရှိတယ်။ မကြာခင်လည်း ဦးရီးတော် (၄) ရဲ့ နှစ်ပတ်လည်ကန်တော့ပွဲလည်း၇ှိသေးတယ်နော်..”
ပြောရင်းနဲ့ မင်းကြီး မျက်နှာက ညှိုးနွမ်းသွားရသည်။အချစ်ဆုံးညီလေး……သွေးသားရင်းချာက လူယုံသတ်လို့သေခဲ့တာ။ မင်းကြီး၏ ဆွေးတစ်လှည့်  ဒေါသတစ်လှည့်မျက်နှာကြောင့် မင်ထိုက် စကားလွှဲဖို့ပြင်လိုက်သည်။
“ဒါဆို သားတော် မနက်စောစောပဲ ထွက်ခွာလိုက်ပ့ါမယ် ခမည်းတော်”
“လျှောက်တင်ပါတယ် မင်းကြီး..ဦးရီးတော်ကျောက် တွေ့ခွင့်တောင်းနေပါတယ်။”
“၀င်ခိုင်းလိုက်..။ သားတော် ပြင်ဆင်စရာရှိတာသွားပြင်ဆင်တော့”
မင်ထိုက် နှုတ်ဆက်ဂါရ၀ပြုပြီး ပြန်ထွက်လာတော့ ဦးရီးတော်ကျောက် နဲ့အဆုံမှာ သူက ဂါရ၀ ပြုလာ၏။
“မင်းသားကို နှုတ်ဆက်ပါတယ်.”
“ကောင်းသောနေ့ပါ ဦးရီးတော် ၀င်သွားလိုက်ပါဦး”
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...