Part-16

11.8K 1.1K 15
                                    

တစ်ညနေခင်းလုံး ချင်းဝမ် ပြောသွားသည့်အကြောင်းအရာကိုသာ ချင်းယွင် စဉ်းစားမိနေသည်။ မတရားခံရသည့် ပိုင်အိမ်တော်၏ ဖြူစင်မှုကို အော်ခန်းက ပြန်ယူပေးမည်တဲ့။ ချင်းယွင် လေးစားရသည့်စာပေေ၇းရာအမတ်ကြီး ၏ သားမို့ ယုံကြည်စိတ်က ပိုလာရပေ မယ့် နေပြည်တော်ကို မည်သည့်မျက်နှာနှင့် လိုက်သွားရမည်လဲ?? ချင်းဝမ်ကတော့ ဒီကဆေးခန်းအစား နေပြည်တော်မှာပဲ ဆေးခန်း ဖွင့်ကာ ပုံမှန်အတိုင်းနေထိုင်ကြမည်လို့ ဆိုလာသည်။ အမှန်ဆို မတရားခံရသည်ကိုသိပေမယ့် ပြန်လည်ဖြေရှင်းရန် သူတို့တွင် လုပ်နိုင်စွမ်းက မ၇ှိ.။ ဖြေရှင်းပေးမည်သူ ရှိလာတော့ ၀မ်းမြောက်ပျော်ရွှင်သွားပေမယ့် ကိစ္စတွေက တကယ်ပဲ လွယ်ကူမှာမဟုတ်တာ တော့ သေချာနေသည်။ သို့ပေမယ့် ပိုင်အိမ်တော် ဖြူစင်မှုအတွက် .။ သူ့ရဲ့ အိပ်မက်ဆိုးတွေ လွန်မြောက်ဖို့အတွက် ပြီးတော့ တစ်ကိုယ်ကောင်းဆန်သည့် တော်ဝင်မင်းကြီး အမှန်တရားကိုသိရန်အတွက် ဖြစ်လာမည့် အရာတိုင်းကို ရင်ဆိုင်ဖို့ အားမွေးလိုက်တော့မည်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။

အတွေးတွေများကာ ဆေးရှိန်ကြောင့်လည်းပါမည်ဖြစ်သော ချင်းယွင် သည် မှေးခနဲအိပ်ပျော်သွားစဉ်...နဖူးထက်က အထိအတွေ့တစ်ခုကြောင့် ရုတ်တရက်နိုးလာရသည်။ ပွင့်လာသောမျက်လုံးတွေသည် သူ့မျက်နှာထက်မှာအုပ်မိုးလျက် ခပ်နီးနီး လေး ရှိနေသော မျက်နှာတစ်ခုကြောင့် ပြူးကျယ်သွားရသည်။

"နိုးလာပြီလား???"

အပြုံးနှင့် ပြောကာ မျက်နှာနားကခွါကာ ကုတင်ပေါ်မှာပဲ တင်ပလွှဲထိုင်နေသူ.။

"ခင်ဗျား..ခင်ဗျား..ဘာလုပ်တာလဲ ဘာလို့ ကျွန်တော့ိကို ခိုးနမ်းတာလဲ..။"

"ကိုယ် ခိုးနမ်းတာ မဟုတ်ပါဘူး.။ မင်း မသိခင်လေး နမ်းတာပါ.။"

"ခင်ဗျား....အ!!!"

"ဖြည်းဖြည်းထ ယွင်.."

ရုတ်တရက် ကုန်းထလိုက်တာကို အော်ခန်းက စိတ်ပူစွာထူပေးပေမယ့် ချင်းယွင် ကလက်ကိုပုတ်ထုတ်လိုက်သည်။ သူ့ဘာသာသူ ကုတင်စောင်းမှာမှီရင်း အော်ခန်းကို ခပ်စူးစူးကြည့်သည်။

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now