"မင်းသား မင်ထိုက် မြို့စားမင်းအိမ်တော်မှာရှိနေတယ် သခင်လေး"
"အမ်!"
ချောင်းလေးထဲကို ဖြည်းဖြည်းချင်းဆင်းလိုက်ရင်း ရှောင်ဖူစကားကြောင့် အော်ခန်း တန့်သွားသည်။
"အင်း ကောင်းပါတယ် ငါတို့ကိစ္စတွေထဲလည်း အကူအညီရတာပေါ့"
"ဟုတ်ကဲ့။ ဒါဆိုတွေ့ဖို့စီစဉ်လိုက်ရမလား သခင်လေး"
"မင်းသား မင်းထိုက် က တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူလား ရှောင်ဖူရဲ့"
ရှောင်ဖူ ရုတ်တရက်ကြောင်သွားပြီးမှ မျက်နှာရှုံ့မဲ့သွားသည်။
" ဟာ သခင်လေး ကလည်းဗျာ!! တကယ်ပါပဲ "
"ကဲ သွား လုပ်စရာရှိတာ သွားလုပ်ထား ။ ငါ ရေချိုးပြီးရင် ပြန်လာခဲ့မယ်"
ချောင်းစပ်နားမှာ ရပ်စောင့်နေသော ရှောင်ဖူ ကို ပြန် လွှတ်လိုက်ပြီးမှ အော်ခန်း ရေလယ်ထဲ ထိ သွားကာ ရေခဏ ကူးလိုက်သည်။
ခါးက အဖြူရောင် အဝတ်ပိုင်း တစ်ခုနဲ့ပဲ ပြန်တက်လာချိန် မှာပဲ သစ်ပင်အကွယ်နားက သစ်ကိုင်းခြောက်သံကြားလိုက်ရသည်။ ကျင့်သားရနေ သောပညာနှင့် ပုန်းကွယ်ပြီး ချောင်းကြည့်နေသူထံ လည်ပင်းကို လက်ဖျံနဲ့ ညှစ်ပစ်လိုက်၏။
"အ !!! အစ်ကိုခန်း လွှတ်ဦး ကျွန်တော်ပါ "
"ဟင် ချင်းယွင် "
လက်ကိုချက်ချင်းဖြေလျော့ပေးတော့မှ ချင်းယွင်က လှည့်ကြည့်လာသည်။ သူ့လည်ပင်းသူ အသာလေးပွတ်ရင်းနဲ့--
" ဘယ်လိုလုပ်ဒီရောက်နေတာလဲ"
" အစ်ကိုခန်းကိုလာခေါ်တာလေ။ ဒီရောက်တော့ အစ်ကို ခန္ဓာကိုယ် ကို ကြည့်ပြီး ငေးနေတာ။ ကြည့်ဦး !!! ဒီလို အသားကျစ်ကျစ်တွေနဲ့ ဘာလို့ အဲ့လောက်ခန့်ညားရ တာတုန်း ??"
အပေါ်ပိုင်း ဗလာနဲ့ အော်ခန်း၏ ယောကျာ်းပီသလှသော အသားစိုင်တွေကို ကြည့်ကာ မနာလိုသည့်ပုံစံနဲ့ပြောနေတာမို့ အော်ခန်း ရယ်မိသည်။
" ချင်းယွင် မင်းး ဟားး ဟားးး"
ရေစက်လက်နဲ့ ခေါင်းမော့ကာ ရယ်နေပုံကို ချင်းယွင် ငေးခနဲ ဖြစ်သွားရသည်။ ဒီယောကျာ်းသား က ဘာလို့ ဒီလောက်တောင် ပြည့်စုံရပါသနည်း။
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...