မျက်စိရှေ့က ဝါးရုံပင်တန်းတွေရဲ့ အလယ်မှာ ပျော့ပျောင်း သော ခန္ဓာကိုယ်ကို လေယူရာယိမ်း၍ ဓားသိုင်းကို ကျကျနန ကစားနေပုံက နတ်ခြယ်သည့်ပန်းချီနှယ်--
"ဖြောင်း ဖြောင်း ဖြောင်း "
တိတ်ဆိတ်သော နေရာမို့ အော်ခန်း၏ လက်ခုပ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။
" ဟင် အစ်ကိုခန်း ဘယ်တုန်းကရောက်နေတာလဲ"
ချင်းယွင် က ဓားကိုသိမ်းပြီး အော်ခန်း ရပ်နေသည့်နား ကိုလာခဲ့လိုက်သည်။
"သိပ်မကြာသေးဘူး မင်းရဲ့ဓားကွက်မှာ မျောနေတာ။ကိုယ် က မင်း သိုင်းပညာ တတ်ကျွမ်းလိမ့်မယ်လို့ မထင်မိဘူး"
" ဒီလိုရှုပ်ထွေးတဲ့ လောကကြီးမှာ နေ ရတာ။ ကိုယ့်ကို ကိုယ် ကာကွယ်ဖို့လိုတယ်။ပြီးတော့ မမ ကိုလည်း ကာကွယ်ပေးရမယ်လေ။ ကျွန်တော် ငယ်ငယ်တည်းက သိုင်းပညာ သင်ယူခဲ့တာ ဖေဖေ့ အစီအစဉ်ပေါ့။ တကယ်လို့ ဖေဖေ သာ ရှိနေခဲ့သေးရင် သိပ်ကို ဝမ်းသာရမှာ"
ချင်းယွင် မျက်နှာက ဝမ်းနည်းမှုနဲ့ နာကြည်းမှု တွေ စုပြုံ ရောထွေးနေ၏။
"မင်းရဲ့ဖေဖေ က ဘယ်လိုသေဆုံးခဲ့တာလဲ မေးကြည့်လို့ရလား"
"မတရားခံရတာလေ။ သိပ်ကို အာဏာသက်ရောက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ တိုငိးပြည်ရဲ့ ဘုရင်ကြောင့်။ ကိုယ့်သွေးသားကိုသာ အရေးတယူ တန်ဖိုးထားတတ်တဲ့ တော်ဝင်မိသားစုတွေကြောင့်ပေါ့"
ချင်းယွင် ရဲ့နာနာကြည်းကြည်း အသံနှင့်အတူ အော်ခန်း လည်း နားမလည်နိုင်ဖြစ်သွားရသည်။ တော်ဝင် မိသားစု ကြောင့်တဲ့လား။
" တစ်ခုခု မှားနေတာမျိုး မရှိဘူးလား ချင်းယွင် ။ မင်းကြီးက အဲ့လို လူမျိုး မဟုတ်ပါဘူး။ကြားထဲမှာများ-"
" တော်တော့ အစ်ကိုခန်း!!! အစ်ကိုက မင်းကြီးအပေါ် ဘယ်လိုသတ်မှတ်ချက်ရှိလဲ မသိပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်ကိုနဲ့ ကျွန်တော် မငြင်းခုန်ချင်ဘူး။ သွားရအောင် ညနေစောင်းတော့မယ် "
ချင်းယွင် က အရှေ့ကနေ အရင်သွားလိုက်တာမို့ အော်ခန်း လည်း ခပ်သွက်သွက်လိုက်သည်။ အဖေ နာမည်ပါ မေးချင်ပေမယ့် ချင်းယွင် စိတ်အခြေအနေ မကောင်းလှတာမို့ ပါးစပ်ပိတ်ထား လိုက်ရသည်။

YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...