"နေကောင်းတယ်မလား ရှောင်ဖူ"
"ကောင်းပါတယ် အားလုံးအဆင်ပြေပါတယ်"
ထန်းပေါင်ကသာ ဘေးချင်းယှဉ်လျှောက်ရင်း က စောင်းငဲ့ကြည့်နေပေမယ့် ရှောင်ဖူ ဆီက အကြည့်တစ်ချက်တောင်မှ မရခဲ့ပါ။
"အဲ့နေ့ညက ကိစ္စ-"
" ကိုယ်ရေးကိုယ်တာ ကိစ္စတွေရှိရင် မပြောပါနဲ့ ကိုယ်ရံတော်လျန်း ကျွန်တော်တို့ကြား မှာဘာမှ ပြောစရာ မလိုဘူး"
"တစ်ခါလေးပဲ ရှင်းပြခွင့်ပေးပါ။ မင်းကိုစတွေ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်တည်းက ရှင်းပြခွင့်ကို မင်း မပေးခဲ့တာ။ အဲ့နေ့က ငါ့ အမေရဲ့ "
" လျန်းထန်းပေါင်!!!"
ရှေ့က သခင်လေးတွေကြားမှာလည်းစိုးကာ ရှောင်ဖူ ခပ်ကြိတ်ကြိတ်အော်လိုက်သည်။ ခြေစုံရပ်ကာ ထန်းပေါင်ကို မျက်နှာချင်းဆိုင်လျက်--
" ငါတို့ ဘာမှ မပတ်သက်တော့တာမို့ ဘာကိုမှ ရှင်းပြစရာ မလိုဘူး။ ငါ့ကိုလွှတ်ထားပေးပါ။ "
"ရှောင်ဖူ !"
ရှောင်ဖူ ကတော့ ရှေ့ကနေ ထွက်သွားခဲ့သည်။ ဘာမှ မပတ်သက်တော့ဘူးတဲ့လား။ အဲ့လို သူ မထားနိုင်ပါ။ စချစ်ခဲ့တာ သူ မဟုတ်ပေမယ့် အဆုံးထိတော့ သူ ချစ်သွားမှာသာ။
" သခင်လေးခန်း! ချင်းယွင် နဲ့ ဘယ်မှာဆုံမှာလဲ "
" ဟင်!! ဟုတ်သားပဲ။ တောစပ်မှာစောင့်ခိုင်းထားတာ။ တစ်ယောက်တည်း ဟာ မဖြစ်ဘူး။ အမြန်သွားစို့"
" အော်ခန်း အော်ခန်း !!!"
အလောတကြီးနောက်လှည့်ပြန်သော အော်ခန်းကြောင့် ရှောင်ဖူ မင်းသားမင်ထိုက် ကို အမြန်နှုတ်ဆက်ဂါရဝ ပြုကာ ပြေးလိုက်ရတော့၏။
" ဘာလို့အဲ့လောက် ပြာယာခတ်နေတာလဲ ။ ချင်းယွင် --- ချင်းယွင် က ဘယ်သူလဲ။ သမားတော်မိန်းကလေး နာမည်က ချင်းဝမ် ပါ။ ချင်းဝမ် ချင်းယွင် မောင်နှမ လား"
" မင်းသားး "
"သြော် ထန်းပေါင် !! ဟားးး ကိစ္စတိုင်ပင်ဖို့ မြို့ပြင်ထွက် လာတာလေ။အရေးကြီးတာကို ဘယ်လိုလုပ်မေ့နိုင်ရတာလဲ "
أنت تقرأ
နှလုံးသားထဲက ဒဏ္ဍာရီ
أدب تاريخيBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...
